မင်္ဂလာဒုံမြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့၌ ဓါးဦးချွန်နှင့် စကေဘာကိုင်ဆောင်သွားလာသူ များအား ဖမ်းဆီးအရေးယူ နေပြည်တော်၊ ဇွန် ၁၀ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်နှင့် မန္
မင်္ဂလာဒုံမြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့၌ ဓါးဦးချွန်နှင့် စကေဘာကိုင်ဆောင်သွားလာသူ များအား ဖမ်းဆီးအရေးယူ
နေပြည်တော်၊ ဇွန် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် တို့၌ ဇွန်လ ၈ ရက်နေ့က စကေဘာနှင့် ဓါးဦးချွန်ကိုင်ဆောင်သွားလာသူများအား ဖမ်းဆီးအရေးယူ ထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန်လ ၈ ရက်နေ့ နံနက် ၆ နာရီ ၂၀ မိနစ်အချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် ရန်ကုန်-ပဲခူးလမ်းအတိုင်း အရှေ့မှအနောက်သို့ လမ်းလျှောက်လာသည့် မသင်္ကာဖွယ်တွေ့ရှိသူ လှည်းကူးမြို့နယ်၊ သပြေတောင်ရပ်ကွက်နေ နိုင်ကောင်းခန့်(ခ)ဖိုးဥ(၂၇)နှစ်အား စစ်ဆေးခဲ့ရာ ၎င်း၏ဝဲဘက်ပေါင်တွင် အရိုးအသွား ၁၁ လက်မခန့်ရှိ စကေဘာ ၁ ချောင်း တွေ့ရှိသိမ်းဆည်းရမိခဲ့ သဖြင့် နိုင်ကောင်းခန့်(ခ)ဖိုးဥအား ထောက်ကြန့်နယ်မြေရဲစခန်း (ပ)၁၂၁/၂၀၂၆၊ လက်နက်ဥပဒေ ပုဒ်မ ၂၃(က) ဖြင့်လည်းကောင်း၊
အလားတူ နံနက် ၆ နာရီအချိန်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက နယ်မြေအတွင်းလှည့်ကင်းဆောင်ရွက်နေစဉ် (ဆ)ရပ်ကွက်၊ ၁၃၁ လမ်းနှင့် ၆၅ လမ်းထောင့်အရောက်၌ အဆိုပါရပ်ကွက်နေ ကိုပေါက်(၃၉)နှစ်အား အရိုး/အသွား ၃၃ လက်မခန့်ရှိ သတ္တုရိုးတပ် ဓားဦးချွန် ၁ ချောင်းအား ကိုင်ဆောင်သွားလာနေသည်ကို တွေ့ရှိရသဖြင့် ကိုပေါက်အား စက်မှုနယ်မြေရဲစခန်း (ပ)၇၂/၂၀၂၆၊ လက်နက်ဥပဒေပုဒ်မ ၂၃(က) ဖြင့်လည်းကောင်း အသီးသီးအမှုဖွင့် ဖမ်းဆီးအရေးယူထားကြောင်း သတင်းရရှိသည်။
(ရဲပြန်ကြား)
