အရေးပေါ်ဖုန်း: 199
မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ Myanmar Police Force
မှုခင်းသတင်းများ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ နေအိမ်အား လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့သူ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်တစ်ဦးအပါအဝင် အမျိုးသားနှစ်ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက အချိန်တိုအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ နေအိမ်အား လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့သူ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်တစ်ဦးအပါအဝင် အမျိုးသားနှစ်ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက အချိန်တိုအတွင်း ဖော်ထုတ်ဖမ်း

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ နေအိမ်အား လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့သူ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်တစ်ဦးအပါအဝင် အမျိုးသားနှစ်ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက အချိန်တိုအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော်၊ ဇွန် ၁၂

             အကြမ်းဖက်သမားများအနေဖြင့် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရား ဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာ ရုံးအဆောက်အဦများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှပစ်ခတ်ဖောက်ခွဲခြင်း များ ပြုလုပ်လျက်ရှိသည်။

             ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်း ဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ)ရပ်ကွက်၊ ၁၃၂ လမ်းနှင့် ၁၃၃ လမ်းကြားရှိ အိမ်အမှတ်(နန-၁၂/၁၃)သို့ အမျိုးသားနှစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိလာပြီး လက်ပစ်ဗုံးတစ်လုံး ဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့သဖြင့် နေအိမ်ခြံဝင်းသံတံခါးအား လက်ပစ်ဗုံးထိမှန်ပေါက်ကွဲခဲ့မှု ကြောင့် နေအိမ်ခြံဝင်းသံတံခါးနှင့် နေအိမ်အတွင်းရှိ ရေခဲသေတ္တာတစ်လုံးဗုံးပေါက်ကွဲစထိမှန်ပျက်စီး ခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ လက်ပစ်ဗုံးဖြင့် ပစ်ပေါက် သွားခဲ့သူများအား ဖမ်းဆီးရမိနိုင်ရေးအတွက် နယ်မြေအတွင်း သတင်းရယူစုံစမ်းခြင်း၊ အသွင်ယူ စောင့်ကြည့်ခြင်းများ ဆောင်ရွက်ခဲ့သည်။

             ထိုသို့ဆောင်ရွက်ခဲ့ရာ ယင်းနေ့ မွန်းလွဲပိုင်းတွင် လက်ပစ်ဗုံးဖြင့် ပစ်ပေါက်မှုကျူးလွန်ခဲ့သူ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ဘောက်သောက်ကျေးရွာနေ တရားခံ လွင်မိုး(၂၆)နှစ် (ဘ)ဦးနိုင် အား ပြည်ကြီးတံခွန်မြို့နယ်၊ (ဈ)ရပ်ကွက်၊ ၁၃၄ လမ်း၊ ၆၀ လမ်းနှင့် ၆၀(A)လမ်းကြားရှိ “KTS Mobile” ဆိုင်၌လည်းကောင်း၊ စစ်ကိုင်းမြို့နယ်၊ မိုးသောက်ကျေးရွာနေ တရားခံ ဘိုခန့်(ခ) ခန့်ကျော်(၂၄)နှစ် (ဘ)ဦးသိန်းအား ပြစ်မှုကျူးလွန်ရာတွင် စီးနင်းအသုံးပြုခဲ့သည့် CANDA-125 ဆိုင်ကယ်နှင့်အတူ (ဆ)ရပ်ကွက်၊ ၅၂ လမ်းနှင့် ၁၃၀ လမ်းထောင့်ရှိ “ဇမ္ဗူကျော်”အိမ်ဆောက်ပစ္စည်း ဆိုင်၌လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သည်။

             ဖမ်းဆီးရမိတရားခံ လွင်မိုး၏ထွက်ဆိုချက်အရ ၎င်းသည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်း၌ ခင်မင်ရင်းနှီးသူ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင် ရီဝေအောင်(ခ)ဒက်ကြီး၏ ဆက်သွယ်ပေးမှုဖြင့် စစ်ကိုင်းမြို့နယ်၊ ထန်းကြီးတောကျေးရွာနှင့် သစ္စာဂူဘုရားကြားရှိ တောအတွင်း အကြမ်းဖက် သင်တန်းအား ၁ လခန့်တက်ရောက်ခဲ့ပြီး အကြမ်းဖက်စခန်းရှိ လိုအပ်သည်များဆောင်ရွက်ပေးရန် မန္တလေးမြို့သို့ ပြန်လာ၍ “KTS Mobile” ဖုန်းဆိုင်၌ အလုပ်လုပ်ကိုင်ခဲ့ကြောင်း၊ ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်နေ့တွင် ရီဝေအောင်(ခ)ဒက်ကြီးနှင့် ၄၉ လမ်း၊ ၁၁၁ လမ်းနှင့် ၁၁၂ လမ်းကြားရှိ “ငါတို့မေ” တည်းခိုခန်း၌ တွေ့ဆုံ၍ ရီဝေအောင်(ခ)ဒက်ကြီးမှ မန္တလေးမြို့ပေါ်၌ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီး မှုများပြုလုပ်ရန်အတွက် MG-1 လက်ပစ်ဗုံးတစ်လုံးအား ပေးထားခဲ့သဖြင့် ၎င်း၏မိတ်ဆွေဖြစ်သူ ဘိုခန့်(ခ)ခန့်ကျော်နှင့်အတူ အများပြည်သူထိတ်လန့်ကြောက်ရွံ့စေရန် ရည်ရွယ်၍ အခင်းဖြစ် နေအိမ်အား လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသည်။

             အထက်ပါဖြစ်စဉ်မှ ဖမ်းဆီးရမိ တရားခံ လွင်မိုးနှင့် ဘိုခန့်(ခ)ခန့်ကျော်တို့အား ဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးရန်ကျန် တရားခံ ရီဝေအောင် (ခ)ဒက်ကြီးအား ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။

 

Security Forces Quickly Identify and Arrest Two Men, Including a Member of the So-Called PDF Terrorist Group, for Hand Grenade Attack on House in Pyigyitagun Township, Mandalay Region

Nay Pyi Taw, June 12

             In order to cause injuries to both peaceable civilians and administrative authorities who are striving to restore the rule of law, extreme terrorists provide financial assistance and instigate destructive activities, such as detonating explosive devices and remote blasting, against public roads, streets, railways, government offices, and houses. PDF terrorists are recklessly carrying out landmine planting and bombings using explosives on public roads and bridges, with the aim of causing injuries to the public and destroying regional development.

          Since they are conducting such terrorist acts, on the morning of June 10, 2026, two men arrived by motorcycle at a house located between 132nd and 133rd Streets in (Za Kwel) Ward in Pyigyitagun Township of Mandalay Region. They threw a hand grenade at the house and fled the scene. As a result of the explosion, the house's door and a refrigerator inside the house were damaged. Upon receiving the report, security personnel went to the scene to conduct an investigation. They also carried out intelligence-gathering and surveillance operations in the area an effort to identify and arrest those responsible for the hand grenade attack.

          As a result of these operations, on the afternoon of the same day, the offender who had thrown the hand grenade, Lwin Moe, 26 years old, son of U Naing, and a resident of Bauk Thauk Village in Sagaing Township of Sagaing Region, was arrested at 'KTS Mobile' shop located between 60th and 60(A) Streets on 134th road in (Za Myin Zwal) Ward, Pyigyitagun Township. In addition, the offender Bo Khant (aka) Khant Kyaw, 24 years old, son of U Thein and a resident of Moe Thauk Village in Sagaing Township, was arrested at the 'Zabu Kyaw' construction store located at the corner of 52nd and 130th Streets, in (Sa Lein) Ward, along with a CANDA-125 motorcycle allegedly used the commission of the crime,

          According to the confession of the arrested offender Lwin Moe, in August 2024, through his acquaintance Yi Wai Aung (aka) Det Gyi, a member of the so-called PDF terrorist group, he attended a terrorist training course in a forest within Sagaing Township for about one month. He then returned to Mandalay and worked at 'KTS Mobile' phone shop. On 30 May 2026, he met with Yi Wai Aung (aka) Det Gyi at the “Ngar Doht May” guesthouse, located between 111th and 112nd Streets on 49th Road. There, Yi Wai Aung (aka) Det Gyi gave him one MG-1 hand grenade to carry out acts of destruction in Mandalay City. Therefore, it has been investigated and established that he threw the hand grenade together with his friend Bo Khant (aka) Khant Kyaw, at the house where the incident occurred.

The arrested offenders from the above incident, Lwin Moe and Bo Khant (aka) Khant Kyaw, are being prosecuted in accordance with the law. Security forces are continuing operations to arrest the remaining wanted offender, Yi Wai Aung (aka) Det Gyi, it is reported.