အရေးပေါ်ဖုန်း: 199
မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ Myanmar Police Force
မှုခင်းသတင်းများ

မှော်ဘီမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသားနှစ်ဦး ဒဏ်ရာရရှိ

မှော်ဘီမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသားနှစ်ဦး ဒဏ်ရာရရှိ နေပြည်တော်၊ ဇွန် ၈           ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၌ ဇွန်လ ၆ ရက်နေ့က ယာဉ်တိုက်မှုဖြစ်ပွား၍ အမ

မှော်ဘီမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသားနှစ်ဦး ဒဏ်ရာရရှိ

နေပြည်တော်၊ ဇွန် ၈

          ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၌ ဇွန်လ ၆ ရက်နေ့က ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

          ဖြစ်စဉ်မှာ ဇွန်လ ၆ ရက်နေ့ နံနက် ၄ နာရီ ၅၀ မိနစ်အချိန်တွင် မှော်ဘီမြို့နယ်၊ နှောကုန်း ကျေးရွာအဝင်လမ်း၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ အမှတ်(၆၄)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ နှောကုန်းကျေးရွာအဝင်လမ်းအတိုင်း အနောက်မှ အရှေ့သို့ သိုက်ကုန်းကျေးရွာနေ သဲအောင်(၂၀)နှစ် မောင်းနှင်ပြီး တစ်ရွာတည်းနေသူများဖြစ်သည့် မောင်ဖုန်းနိုင်(၁၉)နှစ်နှင့် မောင်နိုင်သူအောင်(၁၇)နှစ်တို့ လိုက်ပါလာသော JLM 110 ဆိုင်ကယ်သည် အခင်းဖြစ်နေရာအရောက်၌ အရှိန်လွန်ကာ ၎င်းရှေ့ယာဘက်လမ်းဘေး၌ ရပ်ထားသည့် BGO-11 T/xxxx TOYOTA HILUX ယာဉ်အား ဝင်ရောက်တိုက်မိခဲ့သဖြင့် သဲအောင်တွင် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး မောင်ဖုန်းနိုင်နှင့် မောင်နိုင်သူအောင်တို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သော ကြောင့် သဲအောင်အား မှော်ဘီမြို့မရဲစခန်း (ပ)၁၉/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

(ရဲပြန်ကြား)