မိုင်းယန်းမြို့နယ်တွင် ငွေကျပ် ၅၇ ဒသမ ၄ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ နေပြည်တော်၊ မတ် ၂၁ မတ်လ ၁၉ ရက်နေ့ ညနေ ၃ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မ
မိုင်းယန်းမြို့နယ်တွင် ငွေကျပ် ၅၇ ဒသမ ၄ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
နေပြည်တော်၊ မတ် ၂၁
မတ်လ ၁၉ ရက်နေ့ ညနေ ၃ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စု၊ နမ့်မုတ်ကျေးရွာနေ ဒေါ်နန်းအွေ(၆၂)နှစ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၈,၂၀၀ ပြား (တစ်ပြားလျှင်ငွေကျပ် ၇၀၀ နှုန်းဖြင် ၎င်းဒေသတန်ဖိုးငွေကျပ် ၅၇ ဒသမ ၄ သိန်း)အား ဖမ်းဆီးရမိသဖြင့် ဒေါ်နန်းအွေ အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
