အရေးပေါ်ဖုန်း: 199
မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ Myanmar Police Force
မူးယစ်ဆေးဖမ်းဆီးရရှိမှုသတင်းများ

မိုးညှင်းမြို့နယ်တွင် ငွေကျပ် ၂,၂၀၈ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မိုးညှင်းမြို့နယ်တွင် ငွေကျပ် ၂,၂၀၈ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ နေပြည်တော်၊ ဧပြီ ၁၃           ဧပြီလ ၉ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည

မိုးညှင်းမြို့နယ်တွင် ငွေကျပ် ၂,၂၀၈ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်၊ ဧပြီ ၁၃

          ဧပြီလ ၉ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် သတင်းအရ မိုးညှင်းမြို့နယ်၊ နန့်လှိုင်ကျေးရွာအနီးတွင် မသင်္ကာဖွယ်တွေ့ရှိသူ ဟိုပင်မြို့၊ မြဇေယျာရပ်ကွက်နေ မိုးနိုင်(၄၈)နှစ်နှင့် ဟိုပင်မြို့၊ မြို့မမြောက်ရပ်ကွက်နေ ရိမ်းပေါင်(၂၄)နှစ်တို့ နှစ်ဦးအား စစ်ဆေးရှာဖွေရာ ၎င်းတို့နှစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၂,၆၀၀ ပြား (တစ်ပြားလျှင် ငွေကျပ် ၂,၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၂,၀၅၂ သိန်း)အား ဖမ်းဆီးရမိခဲ့ကြောင်း၊ ဧပြီလ ၁၀ ရက်နေ့ နံနက် ၇ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင် သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ရွာအနီးတွင် မန္တလေးမှ မြစ်ကြီးနားသို့ မောင်းနှင်လာသော FOTON TOANO အမျိုးအစား မော်တော်ယာဉ်ပေါ်တွင် လိုက်ပါ လာသူခရီးသည် လယ်ဝေးမြို့နေ မစမ်းအေး(၅၆)နှစ် သယ်ဆောင်လာသည့် ပလတ်စတစ်ပုံးများ အတွင်းမှ ဘိန်းစိမ်း ၁၃ ကီလို (တစ်ကီလိုလျှင်ငွေကျပ် ၁၂ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၁၅၆ သိန်း)အား ဖမ်းဆီးရမိခဲ့သဖြင့် မိုးနိုင်၊ ရိမ်းပေါင်နှင့် မစမ်းအေးတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အသီးသီးအမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။