အရေးပေါ်ဖုန်း: 199
မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ Myanmar Police Force
မှုခင်းသတင်းများ

မြို့နယ်အချို့၌ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များထောင်ထားသည့် မိုင်းများပေါက်ကွဲမှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူအချို့သေဆုံး/ထိခိုက်ဒဏ်ရာရရှိ

မြို့နယ်အချို့၌ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များထောင်ထားသည့် မိုင်းများပေါက်ကွဲမှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူအချို့သေဆုံး/ထိခိုက်ဒဏ်ရာရရှိ နေပြည်တော်၊ ဇွန် ၁၁              အစွန်းရောက်အကြမ်းဖက်သမားမျ

မြို့နယ်အချို့၌ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များထောင်ထားသည့် မိုင်းများပေါက်ကွဲမှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူအချို့သေဆုံး/ထိခိုက်ဒဏ်ရာရရှိ

နေပြည်တော်၊ ဇွန် ၁၁

             အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ နှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိ သူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များ အား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူ သွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အဦများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများကို ပြုလုပ်လျက်ရှိပါသည်။

             ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပြည်သူ့ဆေးရုံ၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာဖြင့် သေဆုံးနေ သည့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၉ နာရီခွဲတွင် ပွင့်ဖြူမြို့နယ်၊ ကုန်းဇောင်းကျေးရွာနေ ဦးကျော်အောင်(၅၁)နှစ်သည် ကူကြီးကျေးရွာမှ ကုန်းဇောင်းကျေးရွာသို့ ခြေလျင်ပြန်လာစဉ် ကုန်းဇောင်းကျေးရွာနှင့် စက်တန်းကျေးရွာကြားရှိ မြေသားလမ်းပေါ်အရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် ထိခိုက် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

             အလားတူ နေ့လယ် ၁၂ နာရီတွင် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်ပြည်သူ့ ဆေးရုံသို့ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦးတို့ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၈ နာရီတွင် တောင်တွင်းကြီးမြို့နယ်၊ အမှတ်(၄)ရပ်ကွက်နေ ဒေါ်ဌေးဌေးအောင် (၃၂)နှစ်သည် ၎င်း၏သားဖြစ်သူ မောင်ဟိန်းထက်ဦး(၂)နှစ်(၇)လနှင့်အတူ သီရိရတနာကျေးရွာမှ အမှတ်(၄)ရပ်ကွက်သို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် ဝါးသုံးပြူးကျေးရွာနှင့် သီရိရတနာကျေးရွာကြား အရောက် လမ်းဘေးမှ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

           အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

 


 

In Certain Townships, Innocent Civilians Killed and Injured in Improvised Explosive Device Explosions Planted by Terrorists

Nay Pyi Taw, June 11

             In order to cause injuries to both peaceable civilians and administrative authorities who are striving to restore the rule of law, extreme terrorists provide financial assistance and instigate destructive activities, such as detonating explosive devices and remote blasting, against public roads, streets, railways, government offices, and houses. PDF terrorists are recklessly carrying out landmine planting and bombings using explosives on public roads and bridges, with the aim of causing injuries to the public and destroying regional development.

          Since they are conducting such terrorist acts, on 9 June 2026, around 11:45 am, a report stated that the body of a man with shrapnel injuries had been brought to Pwintphyu Township Public Hospital in Magway Region. When security personnel arrived at the hospital to conduct further investigation, the victim was identified as U Kyaw Aung, aged 51, a resident of Kone Zaung Village in Pwintphyu Township. According to the investigation, the victim was returning home on foot from Ku Gyi Village. Around 9:30 am on the same day, when he reached on the dirt road between Sat Tan Village and Kone Zaung Village, he stepped on an improvised explosive device planted by a so-called PDF terrorist group. As a result, U Kyaw Aung died on the spot, it is reported.

Similarly, around 12:00 pm on the same day, a report stated that a woman and a child with shrapnel injuries had been admitted to Taungdwingyi Township Public Hospital in Magway Region. When security personnel arrived at the hospital to conduct further investigation, the victims were identified as Daw Htay Htay Aung, 32 years old and her two-year-and seven-month old son, Mg Hein Htet Oo, both residents of No. 4 Ward in Taungdwingyi Township. According to the investigation, the victims were returning home by motorcycle from Thiri Yadana Village. Around 8:00 am on the same day, when they reached an area between Wah Thone Pyu Village and Thiri Yadana Village, an improvised explosive device planted by a so-called PDF terrorist group exploded on the roadside, resulting in their injuries, it is reported.

             It has been reported that the security forces are investigating the culprits of the acts of terrorism from the above incidents to take effective action in accordance with the law.