အရေးပေါ်ဖုန်း: 199
မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ Myanmar Police Force
မှုခင်းသတင်းများ

မြို့နယ်အချို့၌ လက်နက်ကိုင်အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူအချို့သေဆုံး

မြို့နယ်အချို့၌ လက်နက်ကိုင်အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူအချို့သေဆုံး နေပြည်တော်၊ ဇွန် ၁၂              အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH နှင့် NUG တို့သ

မြို့နယ်အချို့၌ လက်နက်ကိုင်အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူအချို့သေဆုံး

နေပြည်တော်၊ ဇွန် ၁၂

             အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH နှင့် NUG တို့သည် နိုင်ငံတော်ကြီး အလုံးစုံပျက်သုဉ်း ရေးဦးတည်ချက်များဖြင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များကို ဖွဲ့စည်း၍ အချို့သော ဒေသများ တွင် မြို့၊ ရွာများအတွင်း ဝင်ရောက်ကာ တိုက်ပွဲဖော်ဆောင်ခြင်း၊ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက် ခြင်းနှင့် အစိုးရဝန်ထမ်းများ၊ သာသနာ့အကျိုးသယ်ပိုးထမ်းဆောင်လျက်ရှိသော ရဟန်းသံဃာများ၊ အေးချမ်းစွာ နေထိုင်လျက်ရှိသော အပြစ်မဲ့ ဒေသခံပြည်သူများအား ခေါင်းစဉ်အမျိုးမျိုးတပ်၍ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းများလုပ်ဆောင်လျက်ရှိသည်။

             ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့ နံနက် ၇ နာရီခွဲတွင် တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ မြို့မရပ်ကွက်နေ ဦးဝင်းဇော်(၆၀)နှစ်သည် ၎င်း၏ နေအိမ်မှ ရပ်ကွက်ဈေးလမ်းထိပ်ရှိ ကောင်းဆက်စားသောက်ဆိုင်သို့ ခြေလျင်ထွက်ခွာလာစဉ် အဆိုပါစားသောက်ဆိုင်အတွင်းအရောက် အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ) အင်အား နှစ်ဦးက ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

             အလားတူ နံနက် ၇ နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ ရေနောက် ကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား ၁၅ ဦးခန့်က ဆိုင်ကယ်ရှစ်စီးဖြင့် ရောက်ရှိ လာပြီး အဆိုပါကျေးရွာနေသူများဖြစ်ကြသည့် ဦးလွင်ခိုင်(၆၁)နှစ်၊ ဦးတင်သိန်း(၆၄)နှစ်၊ ဒေါ်ရီရီချို (၅၁)နှစ်၊ ဒေါ်ခင်ဦး(၅၂)နှစ်နှင့်  ဒေါ်အေးမြင့်(၅၈)နှစ်တို့အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွား ခဲ့သဖြင့် ၎င်းတို့ငါးဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

             အထက်ပါဖြစ်စဉ်များတွင် လက်နက်ကိုင်အကြမ်းဖက်သမားများသည် ပြည်သူလူထုအကြား အကြောက်တရားလွှမ်းမိုးစေရန် ရည်ရွယ်၍ အပြစ်မဲ့ အရပ်သားပြည်သူများအား ဆင်ခြင်တုံတရား ကင်းမဲ့စွာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုအပေါ် ဒေသခံပြည်သူများက ကန့်ကွက်ရှုတ်ချလျက်ရှိ ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အကြမ်းဖက် သမားများအား အမြန်ဆုံးဖမ်းဆီးဖော်ထုတ်ရမိရေး လုံခြုံရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

 

In Certain Townships, Innocent Civilians Shot Dead by Terrorists

Nay Pyi Taw, June 12

The terrorist groups, the Committee Representing Pyidaungsu Hluttaw (CRPH) and the National Unity Government (NUG), with the aim of nationwide destruction, have formed the terrorist groups known as the so-called PDFs. Under various pretexts, in some regions, they have been arresting, torturing, and killing innocent local residents, as well as engaging in armed clashes and carrying out attacks in wards and villages.

Since they are committing such terrorist acts, on 10 June 2026, around 7:30 am, while U Win Zaw, aged 60, a resident of Myoma Ward in Thayetchaung Township of Tanintharyi Region, was on his way to the Kaung Sat restaurant in the ward, two terrorists arriving by motorcycle, opened fire on him at the restaurant, and fled the scene. As a result, U Win Zaw died on the spot, it is reported.

Similarly, around 7:30 am on the same day, 15 so-called PDF terrorists arriving by eight motorcycles at Yae Naunt Village in Latpadan Township of Bago Region and opened fire on U Lwin Khine, aged 61; U Tin Thein, aged 64; Daw Yi Yi Cho, aged 51; Daw Khin Oo, aged 52; and Daw Aye Myint, aged 58, all residents of the village. As a result, all individuals died on the spot, it is reported.

          According to the above-mentioned cases, local residents are condemning and protesting against the indiscriminate shootings and killings of innocent civilians by armed terrorists, who intended to spread fear among the public. In response, security forces, in collaboration with local residents, are intensifying security measures to identify and apprehend the terrorists responsible for the incidents, it is reported.