အရေးပေါ်ဖုန်း: 199
မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ Myanmar Police Force
မှုခင်းသတင်းများ

မြို့နယ်အချို့၌ လောင်းကစားပြုလုပ်သူများ ဖမ်းဆီးအရေးယူ

မြို့နယ်အချို့၌ လောင်းကစားပြုလုပ်သူများ ဖမ်းဆီးအရေးယူ နေပြည်တော်၊ ဇွန် ၇           မြို့နယ်အချို့၌ ဇွန်လ ၅ ရက်နေ့က လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူ ထားကြောင်း သိရသည်။           ဖြစ်စဉ်မှာ ဇ

မြို့နယ်အချို့၌ လောင်းကစားပြုလုပ်သူများ ဖမ်းဆီးအရေးယူ

နေပြည်တော်၊ ဇွန် ၇

          မြို့နယ်အချို့၌ ဇွန်လ ၅ ရက်နေ့က လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူ ထားကြောင်း သိရသည်။

          ဖြစ်စဉ်မှာ ဇွန်လ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ မြိုင်သာယာနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွေးသောက်ရပ်ကွက် နှင်းဆီလမ်းနှင့် ဒေါနလမ်းဆုံ၌ သတင်းအရ စောင့်ဆိုင်းနေစဉ် လမ်းလျှောက်လာသူ အဆိုပါရပ်ကွက်နေ ဒေါ်ဝင်းဝင်းထွန်း(၅၁)နှစ်အား စစ်ဆေးခဲ့ရာ ၎င်းထံမှ နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် လက်ကိုင်ဖုန်း ၁ လုံး၊ ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိ ဖမ်းဆီးရမိခဲ့သဖြင့် ဝင်းဝင်းထွန်းအား မြိုင်သာယာနယ်မြေရဲစခန်း (ပ)၁၈/၂၀၂၆၊ လောင်းကစား ဥပဒေပုဒ်မ ၁၈(က)/ ၁၉(က) ဖြင့်လည်းကောင်း။

          အလားတူ မွန်းလွဲ ၂ နာရီခွဲအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တောင်ရပ်ကွက်အရောက်၌ စံပြဖဆပလရပ်ကွက်နေ ညိုချော(ခ) အညို(၃၅)နှစ်အား တွေ့ရှိစစ်ဆေးခဲ့ရာ ၎င်းထံမှ နှစ်လုံးထီလောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် လက်ကိုင်ဖုန်း ၁ လုံး၊ ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ညိုချော(ခ)အညိုအား မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း (ပ)၄၄၃/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က) ဖြင့်လည်းကောင်း အမှုဖွင့်အရေးယူထားကြောင်း၊

          ထို့အတူ ညနေ ၆ နာရီ ၁၀ မိနစ်အချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၊ ထန်းပင်ကုန်း ကျေးရွာနေ ဦးတင်မောင်ဆွေ(၅၈)နှစ်၏နေအိမ်၌ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ရေကင်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ တင်မောင်ဆွေမှာ ထွက်ပြေးသွားပြီး ၎င်း၏နေအိမ်အောက်ထပ်ကွပ်ပျစ်ပေါ်တွင် အဆိုပါကျေးရွာနေ သူများဖြစ်သည့် ကျော်သူမင်း(၄၂)နှစ်၊ တင်စိုးဝင်း(၄၈)နှစ်၊ မင်းဇော်(၅၁)နှစ်၊ မြင့်မြင့်သန်း(၃၃)နှစ်၊ မဝေဝေသင်း(၄၂)နှစ်၊ မနီနီမာ(၄၃)နှစ်၊ မအေးသူဇာဝင်း(၁၉)နှစ်၊ ဇင်ကိုအောင်(၁၆)နှစ်နှင့် စစ်ကုန်း(၂) ကျေးရွာနေ မြင့်မြတ်အောင်(၁၇)နှစ်တို့အား ဖဲရိုက်လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ကျော်သူမင်းပါ ၁၀ ဦး အား ရေကင်းနယ်မြေရဲစခန်း (ပ)၁၇/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၆(က)/ ၁၇(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်းနှင့် တင်မောင်ဆွေအား ဖမ်းဆီးရမိရေး‌ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

(ရဲပြန်ကြား)