အရေးပေါ်ဖုန်း: 199
မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ Myanmar Police Force
မှုခင်းသတင်းများ

မြို့နယ်အချို့၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်၍ သတ်ဖြတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူသုံးဦးသေဆုံး

မြို့နယ်အချို့၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်၍ သတ်ဖြတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူသုံးဦးသေဆုံး နေပြည်တော်၊ ဇွန် ၁၁              အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH နှင့် NUG တို့သည်

မြို့နယ်အချို့၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်၍ သတ်ဖြတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူသုံးဦးသေဆုံး

နေပြည်တော်၊ ဇွန် ၁၁

             အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH နှင့် NUG တို့သည် နိုင်ငံတော်ကြီး အလုံးစုံပျက်သုဉ်း ရေးဦးတည်ချက်များဖြင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များကို ဖွဲ့စည်း၍ အချို့သော ဒေသများ တွင် မြို့၊ ရွာများအတွင်း ဝင်ရောက်ကာ တိုက်ပွဲဖော်ဆောင်ခြင်း၊ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက် ခြင်းနှင့် အစိုးရဝန်ထမ်းများ၊ သာသနာ့အကျိုးသယ်ပိုးထမ်းဆောင်လျက်ရှိသော ရဟန်းသံဃာများ၊ အေးချမ်းစွာ နေထိုင်လျက်ရှိသော အပြစ်မဲ့ ဒေသခံပြည်သူများအား ခေါင်းစဉ်အမျိုးမျိုးတပ်၍ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းများလုပ်ဆောင်လျက်ရှိသည်။

             ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့ ည ၁၁ နာရီ ၅၀ မိနစ်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ မြိုင်ကျေးရွာနေ ဦးအောင်မျိုးခိုင်(ခ)သားချို(၄၄)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမားလေးဦးက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိ လာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးအောင်မျိုးခိုင်(ခ)သားချိုတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

             အလားတူ ဇွန်လ ၉ ရက်နေ့ နံနက် ၄ နာရီခွဲတွင် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ အမှတ်(၄)ရပ်ကွက်နေ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလွင်မျိုးအောင်(၆၁)နှစ်သည် ၎င်း၏သားဖြစ်သူ မောင်ရဲမာန်(ခ)စိုးသီဟအောင်(၁၈)နှစ်နှင့်အတူ နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား ၁၀ ဦးခန့်ရောက်ရှိလာပြီး ရေစကြိုကမ်းနားလမ်းသို့ ဖမ်းဆီးခေါ်ဆောင်၍ ဓားဖြင့် ထိုးခုတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ဓားဒဏ်ရာ/ထိခိုက်ဒဏ်ရာများရရှိကာ သေဆုံး သွားခဲ့ကြောင်း သိရသည်။

             အထက်ပါဖြစ်စဉ်တွင် လက်နက်ကိုင်အကြမ်းဖက်သမားများသည် ပြည်သူလူထုအကြား အကြောက်တရားလွှမ်းမိုးစေရန် ရည်ရွယ်၍ အပြစ်မဲ့ အရပ်သားပြည်သူများအား ဆင်ခြင်တုံတရား ကင်းမဲ့စွာ ဖမ်းဆီးသတ်ဖြတ်ခဲ့မှုအပေါ် ဒေသခံပြည်သူများက ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အကြမ်းဖက်သမားများအား အမြန်ဆုံးဖမ်းဆီးဖော်ထုတ်ရမိရေး လုံခြုံရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


 

In Certain Townships, Innocent Civilian Shot Dead by So-Called PDF Terrorists

Nay Pyi Taw, June 11

The terrorist groups, the Committee Representing Pyidaungsu Hluttaw (CRPH) and the National Unity Government (NUG), with the aim of nationwide destruction, have formed the terrorist groups known as the so-called PDFs. Under various pretexts, in some regions, they have been arresting, torturing, and killing innocent local residents, as well as engaging in armed clashes and carrying out attacks in wards and villages.

Since they are committing such terrorist acts, on 8 June 2026, around 11:50 am, while U Aung Myo Khine (aka) Thar Cho, aged 44, a resident of Myaing Village in Ywarngan Township of Southern Shan State, was at his house, four so-called PDF terrorists arriving by two motorcycles and opened fire on him. As a result, U Aung Myo Khine (aka) Thar Cho died on the spot, it is reported.

Similarly, on 9 June 2026, around 4:30 am, while U Lwin Myo Aung, aged 61, the ward administrator, and his son, Mg Ye Mhan (aka) Soe Thiha Aung, aged 18, both residents of No. 4 Ward in Yaesagyo Township of Magway Region, were at their house, 10 so-called PDF terrorists arrived and abducted them. The terrorists then took them on a road, where they stabbed them to death. As a result, both men died on the spot, it is reported.

             According to the above-mentioned cases, local residents are condemning and protesting against the indiscriminate shootings and killings of administrative officials and innocent civilians by armed terrorists, who intended to spread fear among the public. In response, security forces, in collaboration with local residents, are intensifying security measures to identify and apprehend the terrorists responsible for the incidents, it is reported.