အရေးပေါ်ဖုန်း: 199
မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ Myanmar Police Force
မှုခင်းသတင်းများ

မြန်အောင်မြို့နယ်နှင့် ညောင်ဦးမြို့တို့တွင် နှစ်လုံးထီနှင့် ကြက်တိုက်လောင်းကစား ပြုလုပ်သူများအား ဖမ်းဆီးအရေးယူ

မြန်အောင်မြို့နယ်နှင့် ညောင်ဦးမြို့တို့တွင် နှစ်လုံးထီနှင့် ကြက်တိုက်လောင်းကစား ပြုလုပ်သူများအား ဖမ်းဆီးအရေးယူ နေပြည်တော်၊ ဇွန် ၉                ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်နှင့် မန္တလေးတိ

မြန်အောင်မြို့နယ်နှင့် ညောင်ဦးမြို့တို့တွင် နှစ်လုံးထီနှင့် ကြက်တိုက်လောင်းကစား ပြုလုပ်သူများအား ဖမ်းဆီးအရေးယူ

နေပြည်တော်၊ ဇွန် ၉

               ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့တို့ တွင် ဇွန်လ ၇ ရက်နေ့က နှစ်လုံးထီနှင့် ကြက်တိုက်လောင်းကစားပြုလုပ်သူများအား ဖမ်းဆီး အရေးယူ ထားကြောင်း သိရသည်။ 

               ဖြစ်စဉ်မှာ ဇွန်လ ၇ ရက်နေ့ နံနက်ပိုင်းအချိန်တွင် မြန်အောင်မြို့နယ်၊ အင်ပင်မြို့၊ အင်ပင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ လောင်းကစားသတင်းအရ အမှတ် (၁)ရပ်ကွက်၊ ဟင်္သာတ-မြန်အောင်သွားလမ်းပေါ်၌ စောင့်ဆိုင်းနေစဉ် မြန်အောင်မြို့မှ အင်ပင်မြို့သို့ မြန်အောင်မြို့နယ်၊ ညောင်မြစ်ဆွဲကျေးရွာနေ သန်းထွန်း(၄၈)နှစ် မောင်းနှင်လာသည့် NPW-8 5J/xxxx Honda Insight ယာဉ်အား စစ်ဆေးခဲ့ရာ သန်းထွန်းထံမှ နှစ်လုံးထီလောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် သန်းထွန်း အား အင်ပင်နယ်မြေရဲစခန်း(ပ)၃၀/၂၀၂၆၊လောင်းကစားဥပဒေပုဒ်မ ၁၈(က)/၁၉(က)ဖြင့် လည်းကောင်း။

               အလားတူ ဇွန်လ ၇ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦး မြို့၊ အမှတ်(၇)ရပ်ကွက်ရှိ ဦးအောင်ညွန့်၏ ခြံဝင်းအတွင်း၌ ကြက်တိုက်လောင်းကစား ပြုလုပ် နေကြောင်း သတင်းအရ ညောင်ဦးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါခြံဝင်းအတွင်း အမှတ်(၇)ရပ်ကွက်နေသူများဖြစ်သည့် ဦးအောင်မြင့်မြတ်(၄၆)နှစ် ပါအမျိုးသား ၁၆ ဦးအား ကြက်တိုက်လောင်းကစား ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများ၊ လောင်းကြေးငွေများ၊ ဆိုင်ကယ်မျိုးစုံ ၉ စီးတို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် အောင်မြင့်မြတ် ပါအမျိုးသား ၁၆ ဦးအား ညောင်ဦးမြို့မရဲစခန်း (ပ)၃၄/၂၀၂၆၊ လောင်းကစား ဥပဒေပုဒ်မ ၁၅(က)ဖြင့် လည်းကောင်း အသီးသီးအမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

(ရဲပြန်ကြား)