အရေးပေါ်ဖုန်း: 199
မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ Myanmar Police Force
မူးယစ်ဆေးဖမ်းဆီးရရှိမှုသတင်းများ

နောင်ချိုမြို့တွင် ငွေကျပ် ၅,၇၀၃ ဒသမ ၇၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နောင်ချိုမြို့တွင် ငွေကျပ် ၅,၇၀၃ ဒသမ ၇၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ နေပြည်တော်၊ ဇွန် ၁၀                ဇွန်လ ၇ ရက်နေ့ နံနက် ၁၁ နာရီအချိန် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်မ

နောင်ချိုမြို့တွင် ငွေကျပ် ၅,၇၀၃ ဒသမ ၇၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်၊ ဇွန် ၁၀

               ဇွန်လ ၇ ရက်နေ့ နံနက် ၁၁ နာရီအချိန် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ နောင်ချိုမြို့၊ ပါဟက်ရပ်ကွက်အနီး မန္တလေး-လားရှိုးသွားကားလမ်း တွင် သီပေါမြို့နယ်၊ ဆောင်ကြဲကျေးရွာနေ စိုင်းလှဝင်း(၂၉)နှစ် မောင်းနှင်ပြီး သီပေါမြို့နယ်၊ ကုန်းမုံ ကျေးရွာနေ စိုင်းဆိုင်ခေး(၂၄)နှစ် လိုက်ပါလာသော LINCOLN NAVICATOR အမျိုးအစား မော်တော် ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ၎င်းတို့ ၂ ဦး သယ်ဆောင်လာသော စိတ်ကြွ ရူးသွပ်ဆေးပြား ၁,၁၄၀,၇၅၀ ပြား (တစ်ပြားလျှင်ငွေကျပ် ၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၅,၇၀၃ ဒသမ ၇၅ သိန်း)အား ဖမ်းဆီးရမိသဖြင့် စိုင်းလှဝင်းနှင့် စိုင်းဆိုင်ခေးတို့အား မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိကြောင်း သတင်း ရရှိသည်။