ညောင်တုန်းမြို့နယ်တွင် ငွေကျပ်သိန်း ၆၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ နေပြည်တော်၊ ဇွန် ၁၃ ဇွန်လ ၁၁ ရက်နေ့ နံနက် ၅ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲ
ညောင်တုန်းမြို့နယ်တွင် ငွေကျပ်သိန်း ၆၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
နေပြည်တော်၊ ဇွန် ၁၃
ဇွန်လ ၁၁ ရက်နေ့ နံနက် ၅ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ညောင်တုန်းမြို့နယ်၊ အရွဲကျေးရွာအနီးတွင် ရန်ကုန်မှ ဖျာပုံသို့ မောင်းနှင်လာသော ခရီးသည်တင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင်လိုက်ပါလာသည့် ခရီးသည် လှိုင်သာယာမြို့၊ (၉)ရပ်ကွက်နေ ထက်မြတ်ကျော်(၂၂)နှစ် သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၀၀၀ ပြား (တစ်ပြားလျှင်ငွေကျပ် ၃,၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၆၀၀)အား ဖမ်းဆီးရမိသဖြင့် ထက်မြတ်ကျော်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိကြောင်း သတင်းရရှိသည်။
