မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တို့တွင် တရားမဝင် Online လောင်းကစားလုပ်ကိုင်သူ မြန်မာနိုင်ငံသား(၁၂)ဦးနှင့် တရုတ်နိုင်ငံသား(၂၉၅)ဦးတို့အား သ
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တို့တွင် တရားမဝင် Online လောင်းကစားလုပ်ကိုင်သူ မြန်မာနိုင်ငံသား(၁၂)ဦးနှင့် တရုတ်နိုင်ငံသား(၂၉၅)ဦးတို့အား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ
နေပြည်တော်၊ ဇူလိုင် ၂
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့ နံနက် ၁ နာရီခွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဃ)ရပ်ကွက်၊ ၆၁ လမ်းနှင့် ၆၂ လမ်းကြား၊ ၁၁၇ လမ်းရှိ ကိုထင်ရှမ်း၏နေအိမ်တွင် တရားမဝင် Online လောင်းကစားလုပ်ကိုင် နေကြောင်း သတင်းအရ သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေခဲ့သည်။
ထိုသို့ဝင်ရောက်ရှာဖွေရာတွင် နေအိမ်အပေါ်ဆုံးထပ်ရှိ ဧည့်ခန်းအတွင်း၌ Online လောင်းကစား ပြုလုပ်ရန်အတွက် အငှားထားသော အိမ်ပိုင်ရှင်ဖြစ်သူ ထင်ရှမ်း(၃၂)နှစ် (ဘ)ဦးအောင်နိုင်နှင့် တရား မဝင် Online လောင်းကစားလုပ်ငန်းလုပ်ကိုင်နေသူများဖြစ်ကြသည့် ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင် ရပ်ကွက်နေ မန်နေဂျာ ရန်ဝင်းမြင့်(ခ) ကျန်ဝမ်ရီ(၂၁)နှစ် (ဘ)ဦးကျော်ဝင်း၊ လောက်ကိုင်မြို့နယ်၊ ကျုံးရှန်ကျေးရွာနေ ကြီးကြပ်လုပ်ကိုင်သူ လော်ကျင်းကျွမ်(၂၆)နှစ်(ဘ)ဦးလော်ဆုရောင်းနှင့် လောင်းကစား ဂိမ်းဝန်ထမ်းများဖြစ်ကြသည့် တာမိုးညဲမြို့၊ အမှတ်(၄)ရပ်ကွက်နေ ဇင်မာထွေး(ခ)ရင်ရုံ(၁၉)နှစ် (ဘ)ဦးမကျင်အမ်း ပါ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၈)ဦး၊ စုစုပေါင်း အိမ်ရှင်(၁)ဦးအပါအဝင် တရားခံ (၁၂)ဦးတို့အား တရားမဝင် Online လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် Laptop မျိုးစုံ (၆)လုံး၊ လက်ကိုင်ဖုန်းမျိုးစုံ(၆၃)လုံး၊ မြန်မာငွေစက္ကူ(၁၁၀)သိန်းကျပ်၊ နိုင်ငံသားစိစစ်ရေး ကတ်ပြား (၆)ခု၊ အခြားဆက်စပ်ပစ္စည်းများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သည်။
အလားတူ ဇွန်လ ၂၈ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ပါဆတ်ရပ်ကွက်၊ လွန်းကျိုင်းလမ်း၊ အိမ်အမှတ်(မ-၃/၂၃၂)တွင် တရုတ်နိုင်ငံသားများ ခိုအောင်းနေထိုင်ပြီး တရားမဝင် Online လောင်းကစားများလုပ်ကိုင်လျက်ရှိကြောင်း သတင်းအရ သက်သေများနှင့်အတူ ဝင်ရောက် ရှာဖွေခဲ့ရာ နေအိမ်အတွင်း အထောက်အထားတစ်စုံတစ်ရာမပါရှိဘဲ တရားမဝင်ရောက်ရှိနေသည့် တရုတ်နိုင်ငံသား အမျိုးသား(၂၈၈)ဦး၊ အမျိုးသမီး(၇)ဦး၊ စုစုပေါင်း(၂၉၅)ဦးတို့အား Online လောင်းကစား ပြုလုပ်ရာတွင် အသုံးပြုသည့် လက်ကိုင်ဖုန်းမျိုးစုံ(၉၀၀)လုံး၊ အခြားဆက်စပ်ပစ္စည်းများနှင့်အတူ တွေ့ရှိဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်များတွင် ဖမ်းဆီးရမိထားသည့် တရားမဝင် Online လောင်းကစားလုပ်ကိုင်သူ မြန်မာနိုင်ငံသား(၁၂)ဦးနှင့် တရုတ်နိုင်ငံသား(၂၉၅)ဦးတို့အား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လိုအပ်သော စစ်ဆေးမှုများဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
12 Myanmar Nationals and 295 Chinese Nationals Apprehended with Evidence in Pyigyidagun Township, Mandalay Region, and Tachileik Township, Eastern Shan State
Nay Pyi Taw, July 2
On June 27, 2024, at 1:30 am, a collaboration team, including security personnel and witnesses, searched and raided the house of Ko Htin Shan, who had been reported to be engaged in illegal online gambling. The house is located on 117th Street between 61st and 62nd Streets in (Ga Gyi) Ward, Pyigyidagun Township, Mandalay Region.
During the search, authorities discovered and seized various items related to illegal online gambling in the living room on the top floor of Mr. Htin Shan's house. Mr. Htin Shan, the 32-year-old house owner and son of U Aung Naing, was arrested for renting out the premises for illegal online gambling. Also apprehended were Mr. Yan Win Myint (aka Kyan Wang Yi), 21 years old and son of U Kyaw Win, from Nan Oo Lwin Ward in Patheingyi Township, who served as the manager; Mr. Law Kwin Kywan, 26 years old and son of U Law Su Yaung, from Khyon Shan Village in Laukine Township, who was the supervisor; and Mrs. Zin Mar Htway (aka Yin Yone), 19 years old and daughter of U Ma Kyin Eam, from No. (4) Ward in Tamoenye Town, who was an employee involved in illegal online gambling, was one of nine individuals, including one man and eight women. In total, there were 12 suspects, including the house owner, along with six laptops used for illegal online gambling, 63 mobile phones, 110 lakhs of MMK, six national identification cards, and other related items.
Similarly, on June 28, at 5:45 pm, a collaboration team, including security personnel and witnesses, went for a raid to house No. (3/232) on Lun Kying Street in Parset Ward, Tachileik Township, Eastern Shan State. The operation was based on reports of Chinese nationals illegally staying and operating online gambling activities. During the search, authorities found and seized a total of 295 Chinese nationals—288 men and 7 women—who were staying in the house without identification. Additionally, 900 mobile phones used for online gambling and other related items were confiscated.
The 12 Myanmar nationals and 295 Chinese nationals who were arrested in connection with the above incidents of illegal online gambling are currently under investigation to ensure appropriate legal action, it is reported.


