အရေးပေါ်ဖုန်း: 199
မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ Myanmar Police Force
မှုခင်းသတင်းများ

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးအား ဓားဖြင့် ထိုးခုတ်သတ်ဖြတ်၍ နေအိမ်ရှိ လက်ကိုင်ဖုန်း၊ ရွှေထည်ပစ္စည်း၊ ငွေနှင့် ဆိုင်ကယ်များအား အကြမ်းဖက်လုယက်ယူဆောင်

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးအား ဓားဖြင့် ထိုးခုတ်သတ်ဖြတ်၍ နေအိမ်ရှိ လက်ကိုင်ဖုန်း၊ ရွှေထည်ပစ္စည်း၊ ငွေနှင့် ဆိုင်ကယ်များအား အကြမ်းဖက်လ

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးအား ဓားဖြင့် ထိုးခုတ်သတ်ဖြတ်၍ နေအိမ်ရှိ လက်ကိုင်ဖုန်း၊ ရွှေထည်ပစ္စည်း၊ ငွေနှင့် ဆိုင်ကယ်များအား အကြမ်းဖက်လုယက်ယူဆောင်

နေပြည်တော်၊ ဇွန် ၁၃

             အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH နှင့် NUG တို့သည် နိုင်ငံတော်ကြီး အလုံးစုံပျက်သုဉ်း ရေးဦးတည်ချက်များဖြင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များကို ဖွဲ့စည်း၍ အချို့သော ဒေသများ တွင် မြို့၊ ရွာများအတွင်း ဝင်ရောက်ကာ တိုက်ပွဲဖော်ဆောင်ခြင်း၊ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက် ခြင်းနှင့် အစိုးရဝန်ထမ်းများ၊ သာသနာ့အကျိုးသယ်ပိုးထမ်းဆောင်လျက်ရှိသော ရဟန်းသံဃာများ၊ အေးချမ်းစွာ နေထိုင်လျက်ရှိသော အပြစ်မဲ့ ဒေသခံပြည်သူများအား ခေါင်းစဉ်အမျိုးမျိုးတပ်၍ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းများလုပ်ဆောင်လျက်ရှိသည်။

             ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့ ည ၁၂ နာရီခွဲတွင် ပဲခူးတိုင်း ဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ အုတ်ဖိုကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်တူး(ခ)ဦးတူး (၅၉)နှစ်သည် ၎င်း၏နေအိမ်၌ မိသားစုနှင့်အတူ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမားရှစ်ဦး ရောက်ရှိလာပြီး ဓားဖြင့် ထိုးခုတ်သတ်ဖြတ်၍ နေအိမ်အတွင်းရှိ လက်ကိုင်ဖုန်း ၅ လုံး၊ ရွှေထည် ပစ္စည်းများ၊ ငွေကျပ် ၅ သိန်းခန့်နှင့် နေအိမ်အပြင်ဘက်တွင် ရပ်ထားသည့် ဆိုင်ကယ်နှစ်စီး၊ စုစုပေါင်းတန်ဘိုးကျပ်သိန်း ၃၉၀ ခန့်အား အကြမ်းဖက်လုယက်ယူဆောင်သွားခဲ့သဖြင့် ဦးမောင်တူး (ခ)ဦးတူးတွင် ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

             အထက်ပါဖြစ်စဉ်များတွင် လက်နက်ကိုင်အကြမ်းဖက်သမားများသည် ပြည်သူလူထုအကြား အကြောက်တရားလွှမ်းမိုးစေရန် ရည်ရွယ်၍ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ဆင်ခြင်တုံ တရားကင်းမဲ့စွာ သတ်ဖြတ်ခဲ့မှုအပေါ် ဒေသခံပြည်သူများက ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အကြမ်းဖက်သမား များအား အမြန်ဆုံးဖမ်းဆီးဖော်ထုတ်ရမိရေး လုံခြုံရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

        

 

Village Administrator Stabbed to Death and Mobile Phones, Gold Items, Cash and Motorcycle Robbed by So-Called PDF Terrorists in Oaktwin Township, Bago Region

Nay Pyi Taw, June 13

The terrorist groups, the Committee Representing Pyidaungsu Hluttaw (CRPH) and the National Unity Government (NUG), with the aim of nationwide destruction, have formed the terrorist groups known as the so-called PDFs. Under various pretexts, in some regions, they have been arresting, torturing, and killing innocent local residents, as well as engaging in armed clashes and carrying out attacks in wards and villages.

Since they are committing such terrorist acts, on 11 June 2026, around 12:30 am, while U Maung Tue (aka) U Tue, aged 59, the village administrator and a resident of Oakpho Village in Oaktwin Township of Bago Region, was at his house with his family, eight so-called PDF terrorists arrived and stabbed him to death. As a result, the village administrator died on the spot. Additionally, the terrorists robbed five mobile phones, gold items, MMK 500,000 in cash, and two motorcycles, with a total estimated value of MMK 39 million, it is reported.

             According to the above-mentioned case, local residents are condemning and protesting against the indiscriminate shootings and killings of administrative officials and innocent civilians by armed terrorists, who intended to spread fear among the public. In response, security forces, in collaboration with local residents, are intensifying security measures to identify and apprehend the terrorists responsible for the incident, it is reported.