အရေးပေါ်ဖုန်း: 199
မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ Myanmar Police Force
မှုခင်းသတင်းများ

ပေါက်ခေါင်းမြို့နယ်၌ ကျွန်းသစ်များ တရားမဝင် သယ်ဆောင်လာသော အမျိုးသား ၄ ဦးအား ဖမ်းဆီးအရေးယူ

ပေါက်ခေါင်းမြို့နယ်၌ ကျွန်းသစ်များ တရားမဝင် သယ်ဆောင်လာသော အမျိုးသား ၄ ဦးအား ဖမ်းဆီးအရေးယူ နေပြည်တော်၊ ဇွန် ၇           ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ ဇွန်လ ၄ ရက်နေ့က ကျွန်းသစ်များ တရားမဝင်

ပေါက်ခေါင်းမြို့နယ်၌ ကျွန်းသစ်များ တရားမဝင် သယ်ဆောင်လာသော အမျိုးသား ၄ ဦးအား ဖမ်းဆီးအရေးယူ

နေပြည်တော်၊ ဇွန် ၇

          ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ ဇွန်လ ၄ ရက်နေ့က ကျွန်းသစ်များ တရားမဝင် သယ်ဆောင်လာသော အမျိုးသား ၄ ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

          ဖြစ်စဉ်မှာ ဇွန်လ ၄ ရက်နေ့ ညနေ ၅ နာရီ ၁၀ မိနစ်အချိန်တွင် ပေါက်ခေါင်းမြို့၊ အမှတ်(၄) ရပ်ကွက်ရှိ သုသာန်အတွင်း ကျွန်းသစ်များ တရားမဝင် သယ်ဆောင်လာသည့် မော်တော်ယာဉ်များ ဖြတ်သန်းနေကြောင်း သတင်းအရ ပေါက်ခေါင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ အမှတ်(၄)ရပ်ကွက်ဘက်မှ ငှက်တော်ဦးကျေးရွာဘက်သို့ ရပ်သစ် ကျေးရွာနေ ရှိုင်းဝဏ္ဏအောင်(ခ)ဝဏ္ဏ(၃၀)နှစ် မောင်းနှင်ပြီး အမှတ်(၅)ရပ်ကွက်နေသူများဖြစ်သည့် ဝေယံမြင့်မြတ်(၂၀)နှစ်၊ ရှိန်းထက်ဇော်(ခ)သားကြီး(၃၀)နှစ်နှင့် တောင်လည်ကျေးရွာနေ ဌေးဝင်းကျော် (၄၂)နှစ် လိုက်ပါလာသည့် BGO 3H/xxxx FAW ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်၌ တရားမဝင် သယ်ဆောင်လာသော ကျွန်းသစ် ၁၉ လုံး၊ ၄.၁၃၄ တန်နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့ သဖြင့် ဌေးဝင်းကျော်ပါ ၄ ဦးအား ပေါက်ခေါင်းမြို့မရဲစခန်း (ပ)၄၁/၂၀၂၆၊ သစ်တောဥပဒေပုဒ်မ ၄၃(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

(ရဲပြန်ကြား)