အရေးပေါ်ဖုန်း: 199
မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ Myanmar Police Force
မူးယစ်ဆေးဖမ်းဆီးရရှိမှုသတင်းများ

ပျဉ်းမနားမြို့နယ်တွင် ငွေကျပ်သိန်း ၇၂၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

ပျဉ်းမနားမြို့နယ်တွင် ငွေကျပ်သိန်း ၇၂၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ နေပြည်တော်၊ ဧပြီ ၁၁              ဧပြီလ ၅ ရက်နေ့ ည ၇ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖ

ပျဉ်းမနားမြို့နယ်တွင် ငွေကျပ်သိန်း ၇၂၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

နေပြည်တော်၊ ဧပြီ ၁၁

             ဧပြီလ ၅ ရက်နေ့ ည ၇ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ပျဉ်းမနားမြို့နယ်၊ ဘောဂသီရိကားကြီးဝင်း အတွင်းရှိ ကားဂိတ်သို့ ပါဆယ်ပစ္စည်းလာရောက်ထုတ်ယူသူ ပျဉ်းမနားမြို့နယ်၊ တောင်သာရပ်ကွက်နေ ဆန်းဝင်း(၄၁)နှစ် မောင်းနှင်လာသော သုံးဘီးဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းသယ်ဆောင် လာသည့် ကြက်သွန်နီအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၆,၀၀၀ ပြား (တစ်ပြားလျှင်ငွေကျပ် ၂,၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၇၂၀)အား ဖမ်းဆီးရမိသဖြင့် ဆန်းဝင်းအား မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်း ရရှိသည်။