အရေးပေါ်ဖုန်း: 199
မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ Myanmar Police Force
ရဲတပ်ဖွဲ့လှုပ်ရှားမှုသတင်းများ

ပြည်ထဲရေးဝန်ကြီးဌာနမိသားစု ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနားကျင်းပ

ပြည်ထဲရေးဝန်ကြီးဌာနမိသားစု ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနားကျင်းပ နေပြည်တော်၊ မေ ၁           မြန်မာတို့၏ ၁၂ လ ရာသီပွဲတော်များတွင် တစ်ခုအပါအဝင်ဖြစ်သည့် မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊

ပြည်ထဲရေးဝန်ကြီးဌာနမိသားစု ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနားကျင်းပ

နေပြည်တော်၊ မေ ၁

          မြန်မာတို့၏ ၁၂ လ ရာသီပွဲတော်များတွင် တစ်ခုအပါအဝင်ဖြစ်သည့် မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်၊ ဗုဒ္ဓနေ့ဖြစ်သော ယနေ့တွင်ကျရောက်သည့် ကဆုန်ညောင်ရေသွန်းပွဲတော်တွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ တောင်းဆုရ “ဝ” စေတီတော် ပရိဝုဏ်အတွင်းရှိ မဟာဗောဓိ ညောင်ပင်အား ပြည်ထဲရေးဝန်ကြီးဌာနမိသားစု ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် ကျင်းပပြုလုပ်ရာ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မင်းသူနှင့်ဇနီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ် စိုးလှိုင်နှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန်နှင့်ဇနီး၊ တပ်ဖွဲ့/ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ အရာရှိကြီးများနှင့်ဇနီးများ၊ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များ တက်ရောက်၍ ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ကြပါသည်။

          ရှေးဦးစွာ မဟာဗောဓိညောင်ပင်တော်အား ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း မင်္ဂလာ အခမ်းအနားကို “နမောတဿ” သုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး အခမ်း အနားမှူးက ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ရန်ပန်ကြားသည့် “မဟာဗောဓိရုက္ခသိဉ္ဇနပူဇာ” ဂါထာတော်ကို ဖတ်ကြားပူဇော်ပါသည်။

            ယင်းနောက် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မင်းသူနှင့်ဇနီးတို့ ဦးဆောင်သော အခမ်းအနားသို့တက်ရောက်လာသူများက သတ်မှတ်ထားသည့် နေရာအသီးသီးတို့မှ အဖွဲ့လိုက် မဟာဗောဓိညောင်ပင်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်၍ ‌ညောင်ရေသွန်းလောင်းကာ “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ပြည်ထဲရေးဝန်ကြီးဌာနမိသားစု ကဆုန် ညောင်ရေသွန်းလောင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။