အရေးပေါ်ဖုန်း: 199
မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ Myanmar Police Force
မူးယစ်ဆေးဖမ်းဆီးရရှိမှုသတင်းများ

ပြည်ကြီးတံခွန်မြို့နယ်တွင် ငွေကျပ် ၂၀၇ သိန်းတန်ဖိုးရှိ ဘိန်းစိမ်းများဖမ်းဆီးရမိ

ပြည်ကြီးတံခွန်မြို့နယ်တွင် ငွေကျပ် ၂၀၇ သိန်းတန်ဖိုးရှိ ဘိန်းစိမ်းများဖမ်းဆီးရမိ နေပြည်တော်၊ မေ ၂၇ မေလ ၂၄ ရက်နေ့ ည ၆ နာရီခွဲအချိန် မူး                    ယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ

ပြည်ကြီးတံခွန်မြို့နယ်တွင် ငွေကျပ် ၂၀၇ သိန်းတန်ဖိုးရှိ ဘိန်းစိမ်းများဖမ်းဆီးရမိ

နေပြည်တော်၊ မေ ၂၇

မေလ ၂၄ ရက်နေ့ ည ၆ နာရီခွဲအချိန် မူး                    ယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ပြည်ကြီးတံခွန်မြို့နယ်၊ တောင်မြင့် ရပ်ကွက်ရှိ ကားဂိတ်၌ မီနီအိုးဝေဖြင့် တန်ဆာပစ္စည်းလာရောက်ထုတ်ယူသူ အောင်မြေသာစံမြို့နယ်၊ ရွှေလောင်းညွန့်ရပ်ကွက်နေ ညီညီဝိုင်း(၃၉)နှစ်အား စစ်ဆေးရှာဖွေရာ ၎င်းထုတ်ယူလာသည့် တန်ဆာ ပစ္စည်း အင်္ဂတေမီးဖိုများအတွင်း သိုဝှက်ထည့်သွင်းထားသည့် ဘိန်းစိမ်း ၂၃ ကီလို (တစ်ကီလိုလျှင် ငွေကျပ် ၉ သိန်း နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၂၀၇ သိန်း)အား ဖမ်းဆီးရမိသဖြင့် ညီညီဝိုင်းအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။