ပြည်ကြီးတံခွန်မြို့နယ်တွင် ငွေကျပ် ၄၇၂ ဒသမ ၄ သိန်းတန်ဖိုးရှိစိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ နေပြည်တော်၊ မတ် ၃၁ မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန် မူး ယစ်ဆေးဝါးတားဆီးနှိမ်နင်
ပြည်ကြီးတံခွန်မြို့နယ်တွင် ငွေကျပ် ၄၇၂ ဒသမ ၄ သိန်းတန်ဖိုးရှိစိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ
နေပြည်တော်၊ မတ် ၃၁
မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန် မူး ယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြည်ကြီးတံခွန်မြို့နယ်၊ (ဂ)ရပ်ကွက်၊ ၆၂ လမ်း၊ ၁၁၈ x ၁၁၉ လမ်းကြားတွင် ပြည်ကြီးတံခွန်မြို့နယ်၊ တောင်မြင့်ရပ်ကွက်နေ မြင့်နိုင်ဦး(ခ)ကိုရဲ(၅၆)နှစ် မောင်းနှင် လာသော ADIXIN အမျိုးအစား မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ် ခွကြားတွင် သယ်ဆောင်လာသည့် ကြွပ်ကြွပ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၆,၀၀၀ ပြား (တစ်ပြားလျှင်ငွေကျပ် ၂,၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၁၂၀)အား ဖမ်းဆီးရမိပြီး စစ်ဆေး ဖော်ထုတ်ချက်အရ ယင်းနေ့ မွန်းလွဲ ၃ နာရီအချိန်တွင် မြင့်နိုင်ဦး(ခ)ကိုရဲ နေထိုင်သည့် ပြည်ကြီးတံခွန် မြို့နယ်၊ တောင်မြင့်ရပ်ကွက်ရှိ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ပြား(တစ်ပြားလျှင် ငွေကျပ် ၂,၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၂၀၀)၊ စိတ်ကြွရူးသွပ်ဆေးပြား အကြေ ၁ ကီလို (ဆေးပြားတစ်ကီလိုလျှင် ငွေကျပ်သိန်း ၁၅၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၁၅၀)နှင့် အိုက်စ် (မက်သ်အဖက်တမင်း) ၈ ဂရမ်(တစ်ဂရမ်လျှင် ငွေကျပ် ၃၀,၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် ၂ ဒသမ ၄ သိန်း)တို့အား ထပ်မံဖမ်းဆီး ရမိသဖြင့် မြင့်နိုင်ဦး(ခ)ကိုရဲအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
