အရေးပေါ်ဖုန်း: 199
မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ Myanmar Police Force
မူးယစ်ဆေးဖမ်းဆီးရရှိမှုသတင်းများ

ရေးမြို့နယ်တွင် ငွေကျပ် သိန်း ၅,၇၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ရေးမြို့နယ်တွင် ငွေကျပ် သိန်း ၅,၇၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ နေပြည်တော်၊ မတ် ၂၅                မတ်လ ၂၁ ရက်နေ့ ညနေ ၃ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ

ရေးမြို့နယ်တွင် ငွေကျပ် သိန်း ၅,၇၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်၊ မတ် ၂၅

               မတ်လ ၂၁ ရက်နေ့ ညနေ ၃ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရေးမြို့နယ်၊ ချောင်းတောင်ကျေးရွာအနီး၌ ရေဖြူမြို့နယ်၊ နတ်ကြီးစင်ကျေးရွာနေ ဒေဝါစိုး(ခ)ကလိုင်း(၃၄)နှစ် မောင်းနှင်လာသည့် YGN 2M-xxxx TOYOTA HILUX VIGO မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ် ဆေးပြား ၁ ဒသမ ၉ သိန်း(တစ်ပြားလျှင်ငွေကျပ် ၃,၀၀၀ နှုန်းဖြင် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၅,၇၀၀)အား ဖမ်းဆီးရမိသဖြင့် ဒေဝါစိုး(ခ)ကလိုင်းအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်းသတင်းရရှိသည်။