သံဖြူဇရပ်မြို့နယ်၌ ကိုင်းခုတ် ဦးချွန်ဓားကောက်ရှည် ကိုင်ဆောင်ရမ်းကားသည့် အမျိုးသားတစ်ဦးအား ဖမ်းဆီးအရေးယူ နေပြည်တော်၊ ဇွန် ၈ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ ဇွန်လ ၆ ရက်နေ့က ကိုင်းခုတ် ဦးချွန
သံဖြူဇရပ်မြို့နယ်၌ ကိုင်းခုတ် ဦးချွန်ဓားကောက်ရှည် ကိုင်ဆောင်ရမ်းကားသည့် အမျိုးသားတစ်ဦးအား ဖမ်းဆီးအရေးယူ
နေပြည်တော်၊ ဇွန် ၈
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ ဇွန်လ ၆ ရက်နေ့က ကိုင်းခုတ် ဦးချွန်ဓားကောက်ရှည် ကိုင်ဆောင်ရမ်းကားသည့် အမျိုးသားတစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန်လ ၆ ရက်နေ့ နံနက် ၉ နာရီ ၅၀ မိနစ်အချိန်တွင် သံဖြူဇရပ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ နယ်မြေအတွင်းလှည့်ကင်းဆောင်ရွက်နေစဉ် အောင်သာယာ ရပ်ကွက်၊ မင်းရဲကျော်စွာ(၈)လမ်းအရောက်၌ အဆိုပါရပ်ကွက်နေ ကျော်သက်ဦး(ခ)ဗေလုဝ(၄၀)နှစ် အား အရိုး/အသွား ၃၆ လက်မခန့်ရှိ ကိုင်းခုတ် ဦးချွန်ဓားကောက်ရှည် ကိုင်ဆောင်ရမ်းကားနေသည် ကို တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ကျော်သက်ဦး(ခ)ဗေလုဝအား သံဖြူဇရပ်မြို့မရဲစခန်း (ပ)၆၆/၂၀၂၆၊ လက်နက်ဥပဒေပုဒ်မ ၂၃(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
(ရဲပြန်ကြား)
