အရေးပေါ်ဖုန်း: 199
မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ Myanmar Police Force
မှုခင်းသတင်းများ

သံဖြူဇရပ်မြို့နယ်နှင့် မော်လမြိုင်မြို့တို့၌ ဓားကိုင်ဆောင်ရမ်းကားသူအမျိုးသားနှစ်ဦးအား ဖမ်းဆီးအရေးယူ

သံဖြူဇရပ်မြို့နယ်နှင့် မော်လမြိုင်မြို့တို့၌ ဓားကိုင်ဆောင်ရမ်းကားသူအမျိုးသားနှစ်ဦးအား ဖမ်းဆီးအရေးယူ နေပြည်တော်၊ ဇွန် ၁၂           မွန်ပြည်နယ်၊သံဖြူဇရပ်မြို့နယ်နှင့်မော်လမြိုင်မြို့တို့၌ ဇွန်လ ၁၀ ရက်

သံဖြူဇရပ်မြို့နယ်နှင့် မော်လမြိုင်မြို့တို့၌ ဓားကိုင်ဆောင်ရမ်းကားသူအမျိုးသားနှစ်ဦးအား ဖမ်းဆီးအရေးယူ

နေပြည်တော်၊ ဇွန် ၁၂

          မွန်ပြည်နယ်၊သံဖြူဇရပ်မြို့နယ်နှင့်မော်လမြိုင်မြို့တို့၌ ဇွန်လ ၁၀ ရက်နေ့က ဓားကိုင်ဆောင် ရမ်းကားသူ အမျိုးသားနှစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

          ဖြစ်စဉ်မှာ ဇွန်လ ၁၀ ရက်နေ့ နံနက် ၉ နာရီ မိနစ် ၄၀ အချိန်တွင် သံဖြူဇရပ်မြို့၊ ကြံ့ခိုင်ရေး ရပ်ကွက်၊ ယုဇနလမ်း၌ အမျိုးသားတစ်ဦး ဓားကိုင်ရမ်းကားနေကြောင်း သတင်းအရ သံဖြူဇရပ် မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်နေ စစ်သွေးဦး(ခ)ဖိုးအော်(၄၂)နှစ်သည် အရက်သေစာသောက်စားမူးယစ်ကာ အရိုး/အသွား ၂ ပေ ၄ လက်မခွဲ ခန့်ရှိ သစ်သားရိုးတပ် ငှက်ကြီးတောင်ဓားတစ်ချောင်းကိုင်ဆောင်၍ ဆူပူရမ်းကားနေသည်ကို တွေ့ရှိ ဖမ်းဆီးရမိခဲ့သဖြင့် စစ်သွေးဦး(ခ)ဖိုးအော်အား သံဖြူဇရပ်မြို့မရဲစခန်း(ပ)၆၉/၂၀၂၆၊ လက်နက်ဥပဒေ ပုဒ်မ ၂၃(က)ဖြင့် လည်းကောင်း၊ 

အလားတူ ည ၉ နာရီအချိန်တွင်မော်လမြိုင်မြို့၊စစ်ကဲကုန်းနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များက  သက်သေများနှင့်အတူ နယ်မြေအတွင်းလှည့်ကင်းဆောင်ရွက်နေစဉ် ဘိုကုန်းရပ်ကွက်၊ သံလွင်ဥယျာဉ် အနောက်ပတ်လမ်းအရောက်၌ အဆိုပါရပ်ကွက်နေ အောင်ထွန်း(၄၇)နှစ်အား အရိုး/အသွား ၁၂ လက်မခွဲခန့်ရှိ သစ်သားရိုးတပ်ဓားမြှောင်တစ်ချောင်းအား ကိုင်ဆောင်ရမ်းကား နေသည်ကိုတွေ့ရှိ ဖမ်းဆီးရမိခဲ့သဖြင့် အောင်ထွန်းအား စစ်ကဲကုန်းနယ်မြေရဲစခန်း(ပ)၆၃/၂၀၂၆၊ လက်နက်ဥပဒေပုဒ်မ ၂၃(က)ဖြင့်လည်းကောင်း အသီးသီးအမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

(ရဲပြန်ကြား)