သာစည်မြို့နယ်တွင် ငွေကျပ် ၂၀၀ ဒသမ ၇ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ နေပြည်တော်၊ မတ် ၃၁ မတ်လ ၂၈ ရက်နေ့ ည ၁၁ နာရီခွဲအချိန် မူး ယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ
သာစည်မြို့နယ်တွင် ငွေကျပ် ၂၀၀ ဒသမ ၇ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
နေပြည်တော်၊ မတ် ၃၁
မတ်လ ၂၈ ရက်နေ့ ည ၁၁ နာရီခွဲအချိန် မူး ယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် တောင်ကြီးမှ မန္တလေးသို့ မောင်းနှင်လာသည့် JINDEI အမျိုးအစား ခရီးသည်တင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင်လိုက်ပါလာသည့် ခရီးသည် ကျွန်းလှမြို့နယ်၊ ရေရှင်ကျေးရွာနေ မမြင့်မြင့်ထွေး(၂၆)နှစ်၊ ပျော်ဘွယ်မြို့နယ်၊ ရှမ်းပွဲရပ်ကွက်နေ မစုစုဝင်း(၄၅)နှစ်တို့ ၂ ဦး သယ်ဆောင် လာသော စိတ်ကြွရူးသွပ်ဆေးပြား ၁၁,၇၀၀ ပြား (တစ်ပြားလျှင် ငွေကျပ် ၁,၅၀၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ် ၁၇၅ ဒသမ ၅ သိန်း)၊ ဘိန်းစိမ်း ၂ ဒသမ ၈ ကီလို (တစ်ကီလိုလျှင်ငွေကျပ် ၉ သိန်း နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၂၅ ဒသမ ၂ သိန်း)တို့အား ဖမ်းဆီးရမိသဖြင့် မမြင့်မြင့်ထွေးနှင့် မစုစုဝင်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း သတင်းရရှိသည်။
