အရေးပေါ်ဖုန်း: 199
မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ Myanmar Police Force
မူးယစ်ဆေးဖမ်းဆီးရရှိမှုသတင်းများ

သာစည်မြို့နယ်တွင် ငွေကျပ်သိန်း ၁၈၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

သာစည်မြို့နယ်တွင် ငွေကျပ်သိန်း ၁၈၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ နေပြည်တော်၊ မေ ၂၆ မေလ ၂၃ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန် မူး                    ယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ

သာစည်မြို့နယ်တွင် ငွေကျပ်သိန်း ၁၈၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

နေပြည်တော်၊ မေ ၂၆

မေလ ၂၃ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန် မူး                    ယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် သတင်းအရ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် ဝမ်းတွင်းမြို့နယ်၊ ကံစွယ်ကျေးရွာနေ သန်းဇော်ထွန်း(၃၀)နှစ် မောင်းနှင်လာသော FOTON OLLIN အမျိုးအစား ၆ ဘီးမော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင်သိုဝှက်သယ်ဆောင် လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၉,၀၀၀ ပြား (တစ်ပြားလျှင်ငွေကျပ် ၂,၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် သိန်း ၁၈၀)အား ဖမ်းဆီးရမိသဖြင့် သန်းဇော်ထွန်းအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။