အရေးပေါ်ဖုန်း: 199
မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ Myanmar Police Force
ရဲတပ်ဖွဲ့လှုပ်ရှားမှုသတင်းများ

ဆီဆိုင်၊ ဟိုပုံးနှင့် ပင်လောင်းမြို့နယ်တို့၌ သီးပွင့်ဆဲဘိန်းစိုက်ခင်းများဖျက်ဆီး

ဆီဆိုင်၊ ဟိုပုံးနှင့် ပင်လောင်းမြို့နယ်တို့၌ သီးပွင့်ဆဲဘိန်းစိုက်ခင်းများဖျက်ဆီး နေပြည်တော်၊ ဖေဖော်ဝါရီ ၁၆                ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ဆီဆိုင်၊ ဟိုပုံးနှင့် ပင်လောင်းမြို့နယ်တို့၌ ဖေ

ဆီဆိုင်၊ ဟိုပုံးနှင့် ပင်လောင်းမြို့နယ်တို့၌ သီးပွင့်ဆဲဘိန်းစိုက်ခင်းများဖျက်ဆီး

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၆

               ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ဆီဆိုင်၊ ဟိုပုံးနှင့် ပင်လောင်းမြို့နယ်တို့၌ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၅၆ ဧကခန့်အား ဖျက်ဆီးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

               ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်အချိန်မှ ညနေ ၄ နာရီ ၅၀ မိနစ်အချိန်ထိ ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ပါဝင်သော ပူးပေါင်း အဖွဲ့သည် ဆီဆိုင်မြို့နယ်၊ နားစေးစောက်ကျေးရွာ၏ အနောက်ဘက် ၅ ဖာလုံခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၉ ဧကခန့်နှင့် ၁ ဖာလုံခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၇ ဧကတို့အားလည်းကောင်း၊

               အလားတူ နံနက် ၉ နာရီအချိန်မှ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်အချိန်ထိ ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဟိုပုံးမြို့နယ်၊ လီမော ကျေးရွာ၏အရှေ့ တောင်ဘက် ၄ ဖာလုံခန့်အကွာရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၁၉ ဧက ခန့်အား လည်းကောင်း၊ 

               ထို့အတူ နံနက် ၁၁ နာရီ ၃၅ မိနစ်အချိန်မှ မွန်းလွဲ ၃ နာရီ ၅၀ မိနစ်အချိန်ထိ ပင်လောင်း မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် ပင်လောင်း မြို့နယ်၊ ဗန်းမောက်ကျေးရွာ၏ အရှေ့မြောက်ဘက် ၂ မိုင်ခွဲခန့်အကွာရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၂၁ ဧကခန့်အားလည်းကောင်း အသီးသီးဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

(ရဲပြန်ကြား)