အရေးပေါ်ဖုန်း: 199
မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ Myanmar Police Force
ရဲတပ်ဖွဲ့လှုပ်ရှားမှုသတင်းများ

ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ်တို့၌ ဘိန်းစိုက်ခင်းများဖျက်ဆီး

ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ်တို့၌ ဘိန်းစိုက်ခင်းများဖျက်ဆီး နေပြည်တော်၊ မတ် ၂၆              ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ်တို့၌ မတ်လ ၂၄ ရက်နေ့က ဘိန်းစိုက်ခင်

ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ်တို့၌ ဘိန်းစိုက်ခင်းများဖျက်ဆီး

နေပြည်တော်၊ မတ် ၂၆

             ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ်တို့၌ မတ်လ ၂၄ ရက်နေ့က ဘိန်းစိုက်ခင်း ၅ ဧကခန့်အား ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရသည်။ 

             ဖြစ်စဉ်မှာ မတ်လ ၂၄ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်မှ ၁၀ နာရီခွဲအချိန်ထိ ဟိုပုံးမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဟိုပုံးမြို့နယ်၊ ဖက်ရမ်းလေးကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၃ ဧကခန့်အားလည်းကောင်း။

             ထို့အတူ နံနက် ၉ နာရီ ၄၀ မိနစ်အချိန်မှ ၁၀ နာရီ ၅၀ မိနစ်အချိန်ထိ ဆီဆိုင်မြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဆီဆိုင်မြို့နယ်၊ ကော်သော့ရွဲကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၂ ဧကခန့်အားလည်းကောင်း အသီးသီး ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။ 

(ရဲပြန်ကြား)