ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဘိန်းစိုက်ခင်းများ ဖျက်ဆီး နေပြည်တော်၊ မတ် ၃ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ မတ်လ ၁ ရက်နေ့က ဘိန်းစိုက်ခင်း စုစုပေါင်း ၈၈ ဧကခန့်အား ဖျက်ဆီးရှင်းလ
ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဘိန်းစိုက်ခင်းများ ဖျက်ဆီး
နေပြည်တော်၊ မတ် ၃
ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ မတ်လ ၁ ရက်နေ့က ဘိန်းစိုက်ခင်း စုစုပေါင်း ၈၈ ဧကခန့်အား ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မတ်လ ၁ ရက်နေ့ နံနက် ၇ နာရီ ၄၀ မိနစ်အချိန်မှ ညနေ ၄ နာရီအချိန်ထိ လွိုင်လင်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က လွိုင်လင်မြို့နယ်၊ တန့်အယ်ကျေးရွာအုပ်စု၊ တန့်အယ်ကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၄၀ ဧကခန့်အားလည်းကောင်း။
အလားတူ နံနက် ၈ နာရီအချိန်မှ မွန်းလွဲ ၂ နာရီအချိန်ထိ မိုင်းပျဉ်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က မိုင်းပျဉ်းမြို့နယ်၊ ပန်နောင်လုံ ကျေးရွာအုပ်စု၊ ပန်နောင်လုံကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၂၁ ဧကခန့်အား လည်းကောင်း။
အလားတူ နံနက် ၈ နာရီ ၃၅ မိနစ်အချိန်မှ ညနေ ၃ နာရီ ၄၀ မိနစ်အချိန်ထိ ပင်လောင်း မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ပင်လောင်း မြို့နယ်၊ ထီပေါင်းကျေးရွာအုပ်စု၊ ဆောင်းဒွီးကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၁၁ ဧကခန့်အားလည်းကောင်း။
အလားတူ နံနက် ၉ နာရီအချိန်မှ ၁၁ နာရီ ၁၀ မိနစ်အချိန်ထိ ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဟိုပုံးမြို့နယ်၊ လုံဟေး ကျေးရွာအုပ်စု၊ လိုက်ကတူးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၇ ဧကခန့်အားလည်းကောင်း။
ထို့အတူ နံနက် ၉ နာရီအချိန်မှ ညနေ ၃ နာရီ ၅၀ မိနစ်အချိန်ထိ ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဆီဆိုင်မြို့နယ်၊ သံကျေးရွာ အုပ်စု၊ ကျောင်းခမ်းကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၉ ဧကခန့်အားလည်းကောင်း အသီးသီး ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သတင်းရရှိသည်။
(ရဲပြန်ကြား)
