ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဘိန်းစိုက်ခင်းများ ဖျက်ဆီး နေပြည်တော်၊ ဖေဖော်ဝါရီ ၁၉ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ဘိန်းစိုက်ခင်း စုစုပေါင်း ၇၈ ဧကခန့်အ
ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဘိန်းစိုက်ခင်းများ ဖျက်ဆီး
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၉
ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ဘိန်းစိုက်ခင်း စုစုပေါင်း ၇၈ ဧကခန့်အား ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက် ၉ နာရီ ၁၀ မိနစ်အချိန်မှ ညနေ ၄ နာရီခွဲ အချိန်ထိ ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်း အဖွဲ့က ဆီဆိုင်မြို့နယ်၊ ဘန့်ဗွီးကျေးရွာအုပ်စု၊ နားစေးစောက်ကျေးရွာ အနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၁၅ ဧကခန့်အားလည်းကောင်း။
အလားတူ နံနက် ၉ နာရီ ၁၀ မိနစ်အချိန်မှ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်အချိန်ထိ ဟိုပုံးမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဟိုပုံးမြို့နယ်၊ ဘော်ကုန်းကျေးရွာအုပ်စု၊ လီမောကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၁၂ ဧကခန့်အား လည်းကောင်း။
အလားတူ နံနက် ၉ နာရီခွဲအချိန်မှ မွန်းလွဲ ၂ နာရီခွဲအချိန်ထိ ပင်လောင်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ပင်လောင်းမြို့နယ်၊ ထီပေါင်း ကျေးရွာအုပ်စု၊ ထာငိုကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၁၆ ဧကခန့်အားလည်းကောင်း။
ထို့အတူ နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန်မှ မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်အချိန်ထိ ကွန်ဟိန်းမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ကွန်ဟိန်းမြို့နယ်၊ ကျိုင်းလွန်းကျေးရွာအုပ်စု၊ ဝမ်တုံကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၃၅ ဧကခန့်အား လည်းကောင်း အသီးသီး ဖျက်ဆီးခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
(ရဲပြန်ကြား)
