အရေးပေါ်ဖုန်း: 199
မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ Myanmar Police Force
ရဲတပ်ဖွဲ့လှုပ်ရှားမှုသတင်းများ

ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဘိန်းစိုက်ခင်းများ ဖျက်ဆီး

ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဘိန်းစိုက်ခင်းများ ဖျက်ဆီး နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆              ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ဘိန်းစိုက်ခင်း ၃၀ ဧကခန့်တို့အား ဖ

ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဘိန်းစိုက်ခင်းများ ဖျက်ဆီး

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆

             ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ဘိန်းစိုက်ခင်း ၃၀ ဧကခန့်တို့အား ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရသည်။

             ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက် ၉ နာရီအချိန်မှ မွန်းလွဲ ၃ နာရီခွဲအချိန်ထိ ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဆီဆိုင်မြို့နယ်၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ ဟိုနောင်ကျေးရွာအနီးရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း  ၁၁ ဧကခန့်အား လည်းကောင်း။

             အလားတူ နံနက် ၉ နာရီခွဲအချိန်မှ ၁၁ နာရီခွဲအချိန်ထိ ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဟိုပုံးမြို့နယ်၊ ဖက်ရမ်းကျေးရွာအုပ်စု၊ ဖက်ရမ်းလေးကျေးရွာအနီးရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၆ ဧကခန့်အားလည်းကောင်း။

             ထို့အတူ နံနက် ၉ နာရီ ၄၀ မိနစ်အချိန်မှ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်အချိန်ထိ ပင်လောင်းမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ပင်လောင်းမြို့နယ်၊ လုံပျဉ်ကျေးရွာအုပ်စု၊ ဗန်းမောက်ကျေးရွာအနီးရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၁၃ ဧကခန့်အားလည်းကောင်း အသီးသီးဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သတင်းရရှိသည်။

(ရဲပြန်ကြား)