ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဘိန်းစိုက်ခင်းများဖျက်ဆီး နေပြည်တော်၊ မတ် ၇ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ မတ်လ ၅ ရက်နေ့က ဘိန်းစိုက်ခင်း စုစုပေါင်း ၂၃ ဧကခန့်အား ဖျက်ဆီးရှင်
ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဘိန်းစိုက်ခင်းများဖျက်ဆီး
နေပြည်တော်၊ မတ် ၇
ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ မတ်လ ၅ ရက်နေ့က ဘိန်းစိုက်ခင်း စုစုပေါင်း ၂၃ ဧကခန့်အား ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နံနက် ၈ နာရီ ၄၅ မိနစ်အချိန်မှ ၁၁ နာရီခွဲအချိန်ထိ ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဟိုပုံးမြို့နယ်၊ လိုက်ကတူး ကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၅ ဧကခန့်အားလည်းကောင်း။
အလားတူ နံနက် ၉ နာရီအချိန်မှ ၁၁ နာရီခွဲအချိန်ထိ ပင်လောင်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ပင်လောင်းမြို့နယ်၊ ပင်တီးတောင် ကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၆ ဧကခန့်အားလည်းကောင်း၊
ထို့အတူ နံနက် ၉ နာရီ ၁၅ မိနစ်အချိန်မှ ညနေ ၄ နာရီခွဲအချိန်ထိ ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဆီဆိုင်မြို့နယ်၊နားသံကျေးရွာ အနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၁၂ ဧကခန့်အားလည်းကောင်း အသီးသီးဖျက်ဆီးရှင်းလင်း ခဲ့ကြောင်း သတင်းရရှိသည်။
(ရဲပြန်ကြား)
