အရေးပေါ်ဖုန်း: 199
မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ Myanmar Police Force
ရဲတပ်ဖွဲ့လှုပ်ရှားမှုသတင်းများ

ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဘိန်းစိုက်ခင်းများဖျက်ဆီး

ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဘိန်းစိုက်ခင်းများဖျက်ဆီး နေပြည်တော်၊ မတ် ၈              ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ မတ်လ ၆ ရက်နေ့က ဘိန်းစိုက်ခင်း စုစုပေါင်း ၂၃ ဧကခန့်အား ဖျက်ဆီးရှင်

ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဘိန်းစိုက်ခင်းများဖျက်ဆီး

နေပြည်တော်၊ မတ် ၈

             ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ မတ်လ ၆ ရက်နေ့က ဘိန်းစိုက်ခင်း စုစုပေါင်း ၂၃ ဧကခန့်အား ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရသည်။

             ဖြစ်စဉ်မှာ မတ်လ ၆ ရက်နေ့ နံနက် ၈ နာရီ ၁၀ မိနစ်အချိန်မှ ၁၁ နာရီခွဲအချိန်ထိ ဟိုပုံး မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဟိုပုံး မြို့နယ်၊ လိုက်ကတူးကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၆ ဧကခန့်အားလည်းကောင်း။

             အလားတူ နံနက် ၉ နာရီအချိန်မှ ၁၁ နာရီခွဲအချိန်ထိ ပင်လောင်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ပင်လောင်းမြို့နယ်၊ ဒင်တီး ကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၅ ဧကခန့်အားလည်းကောင်း။

             ထို့အတူ နံနက် ၉ နာရီအချိန်မှ ညနေ ၄ နာရီ ၃၅ မိနစ်အချိန်ထိ ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဆီဆိုင်မြို့နယ်၊ ဘန်းစောက် ကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၁၂ ဧကခန့်အားလည်းကောင်း အသီးသီး ဖျက်ဆီး ရှင်းလင်းခဲ့ကြောင်း သတင်းရရှိသည်။         

(ရဲပြန်ကြား)