အရေးပေါ်ဖုန်း: 199
မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ Myanmar Police Force
ရဲတပ်ဖွဲ့လှုပ်ရှားမှုသတင်းများ

ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဘိန်းစိုက်ခင်းများဖျက်ဆီး

ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဘိန်းစိုက်ခင်းများဖျက်ဆီး နေပြည်တော်၊ မတ် ၁၀                ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ မတ်လ ၈ ရက်နေ့က ဘိန်းစိုက်ခင်း စုစုပေါင်း ၂၀ ဧကခန့်အား ဖျက်ဆီးရ

ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဘိန်းစိုက်ခင်းများဖျက်ဆီး

နေပြည်တော်၊ မတ် ၁၀

               ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ မတ်လ ၈ ရက်နေ့က ဘိန်းစိုက်ခင်း စုစုပေါင်း ၂၀ ဧကခန့်အား ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရသည်။ 

               ဖြစ်စဉ်မှာ မတ်လ ၈ ရက်နေ့ နံနက် ၈ နာရီ ၂၅ မိနစ်မှ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်အချိန်ထိ ပင်လောင်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ပင်လောင်းမြို့နယ်၊ ကလင်ကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၄ ဧကခန့်အားလည်းကောင်း၊

               အလားတူ နံနက် ၈ နာရီ ၂၅ မိနစ်အချိန်မှ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်အချိန်ထိ ဟိုပုံးမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဟိုပုံးမြို့နယ်၊ လိုက်ကတူးကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၆ ဧကခန့်အား လည်းကောင်း၊ 

               ထို့အတူ နံနက် ၈ နာရီ ၅၀ မိနစ်အချိန်မှ ညနေ ၄ နာရီ ၄၀ မိနစ်အချိန်ထိ ဆီဆိုင်မြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်ကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၁၀ ဧကခန့်အားလည်းကောင်း အသီးသီး ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

(ရဲပြန်ကြား)