ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဘိန်းစိုက်ခင်းများဖျက်ဆီး နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ဘိန်းစိုက်ခင်း ၃၂ ဧကအား ဖျက်ဆီးခ
ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဘိန်းစိုက်ခင်းများဖျက်ဆီး
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃
ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ဘိန်းစိုက်ခင်း ၃၂ ဧကအား ဖျက်ဆီးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်မှ မွန်းလွဲ ၁ နာရီ ၅၀ မိနစ် အချိန်ထိ ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်း အဖွဲ့သည် ဟိုပုံးမြို့နယ်၊ ဘော်ကုန်းကျေးရွာအုပ်စု၊ လီမောကျေးရွာအနီးရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၅ ဧကခန့်လည်းကောင်း၊
အလားတူ နံနက် ၉ နာရီ ၃၅ မိနစ်အချိန်မှ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်အချိန်ထိ ပင်လောင်း မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် ပင်လောင်း မြို့နယ်၊ ထီပေါင်းကျေးရွာအုပ်စု၊ ဘုရားဖြူကျေးရွာအနီးရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၁၅ ဧကခန့်အား လည်းကောင်း၊
ထို့အတူ နံနက် ၉ နာရီ ၄၀ မိနစ်အချိန်မှ ညနေ ၄ နာရီခွဲအချိန်ထိ ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့ မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် ဆီဆိုင်မြို့နယ်၊ ပါလော ပါကယ်ကျေးရွာအုပ်စု၊ စံကားကျေးရွာအနီးရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၁၂ ဧကခန့်အား လည်းကောင်း အသီးသီးဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
(ရဲပြန်ကြား)
