တာချီလိတ်မြို့နယ်တွင် ငွေကျပ်သိန်း ၆၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ နေပြည်တော်၊ ဇွန် ၇ ဇွန်လ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတ
တာချီလိတ်မြို့နယ်တွင် ငွေကျပ်သိန်း ၆၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
နေပြည်တော်၊ ဇွန် ၇
ဇွန်လ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ပါဘီး(၃)ကျေးရွာအနီးတွင် ကျိုင်းတုံမြို့နယ်၊ ကတ်ထိုက်ကျေးရွာနေ လော်ပီး(၃၃)နှစ် မောင်းနှင် လာသော WAVE I 110 အမျိုးအစား ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၀,၀၀၀ ပြား (တစ်ပြားလျှင်ငွေကျပ် ၆၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် သိန်း ၆၀)အား ဖမ်းဆီးရမိသဖြင့် လော်ပီးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူထားရှိကြောင်း သတင်းရရှိသည်။
