တောင်တွင်းကြီးမြို့နယ်၌ လောင်းကစားဝိုင်းပြုလုပ်သူများအား ဖမ်းဆီးအရေးယူထား နေပြည်တော်၊ ဇန်နဝါရီ ၁၉ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ဇန်နဝါရီလ ၁၇ ရက်နေ့က လောင်းကစားဝိုင်းပ
တောင်တွင်းကြီးမြို့နယ်၌ လောင်းကစားဝိုင်းပြုလုပ်သူများအား ဖမ်းဆီးအရေးယူထား
နေပြည်တော်၊ ဇန်နဝါရီ ၁၉
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ဇန်နဝါရီလ ၁၇ ရက်နေ့က လောင်းကစားဝိုင်းပြုလုပ်သူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီလ ၁၆ ရက်နေ့ ညနေ ၆ နာရီအချိန်တွင် တောင်တွင်းကြီးမြို့နယ်၊ ကျောက်တောင်ကျေးရွာ၊ ရွာလယ်လမ်းမဘေး မြေကွက်လပ်၌ လောင်းကစားဝိုင်း ပြုလုပ်နေကြောင်း သတင်းအရ မကွေးခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါမြေကွက်လပ်တွင် တောင်တွင်းကြီးမြို့နယ်၊ ကုလားမကျေးရွာနေ ဝင်းဇော်ထွေး (၃၅)နှစ်ပါ အမျိုးသား ၇ ဦး၊ အမျိုးသမီး ၃ ဦးတို့အား ခြောက်ကောင်ဂျင် လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ဝင်းဇော်ထွေး ပါ ၁၀ ဦး အား ကုက္ကိုကုန်းနယ်မြေရဲစခန်း(ပ)၅/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
(ရဲပြန်ကြား)
