အရေးပေါ်ဖုန်း: 199
မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ Myanmar Police Force
မူးယစ်ဆေးဖမ်းဆီးရရှိမှုသတင်းများ

တပ်ကုန်းမြို့နယ်တွင် ငွေကျပ်သိန်း ၈၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

တပ်ကုန်းမြို့နယ်တွင် ငွေကျပ်သိန်း ၈၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ နေပြည်တော်၊ ဧပြီ ၇ ဧပြီလ ၄ ရက်နေ့ ညနေ ၅ နာရီအချိန် မူး                    ယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ

တပ်ကုန်းမြို့နယ်တွင် ငွေကျပ်သိန်း ၈၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်၊ ဧပြီ ၇

ဧပြီလ ၄ ရက်နေ့ ညနေ ၅ နာရီအချိန် မူး                    ယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် သတင်းအရ တပ်ကုန်းမြို့နယ်၊ ပင်လောင်း-နေပြည်တော် ကားလမ်း၊ မိုင်တိုင်အမှတ်(၇/၀)အနီးတွင် ပင်လောင်းမြို့နယ်၊ ပိန္နဲကုန်းကျေးရွာနေ ခွန်ထွန်းချစ် (၂၀)နှစ် မောင်းနှင်ပြီး ပင်လောင်းမြို့နယ်၊ နဂါးပတ်ကျေးရွာနေ ခွန်ငြိမ်းချမ်း(၂၀)နှစ်နှင့် ပင်လောင်း မြို့နယ်၊ ပိန္နဲကုန်းကျေးရွာနေ ခွန်နေဝင်းထွန်း(၂၀)နှစ် လိုက်ပါလာသော CROWN အမျိုးအစား မော်တော်ယာဉ်နှင့် ပင်လောင်းမြို့နယ်၊ လိန်းလီကျေးရွာနေ ကိုလင်း(၂၈)နှစ် မောင်းနှင်ပြီး ပင်လောင်း မြို့နယ်၊ ပိန္နဲကုန်းကျေးရွာနေ ခွန်မောင်(၂၂)နှစ် လိုက်ပါလာသော DREAM 125 အမျိုးအစား မော်တော် ဆိုင်ကယ်တို့အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းတို့ ၅ ဦး သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၄၀,၀၀၀ ပြား (တစ်ပြားလျှင် ငွေကျပ် ၂,၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၈၀၀)အား ဖမ်းဆီးရမိသဖြင့် ကိုလင်း၊ ခွန်မောင်၊ ခွန်ထွန်းချစ်၊ ခွန်ငြိမ်းချမ်းနှင့် ခွန်နေဝင်းထွန်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။