တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၌ လေးကောင်ဂျင်၊ ခြောက်ကောင်ဂျင်နှင့် အန်ဂလုံလောင်းကစား ပြုလုပ်သူများအား ဖမ်းဆီးအရေးယူ နေပြည်တော်၊ ဇွန် ၁၃ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၌
တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၌ လေးကောင်ဂျင်၊ ခြောက်ကောင်ဂျင်နှင့် အန်ဂလုံလောင်းကစား ပြုလုပ်သူများအား ဖမ်းဆီးအရေးယူ
နေပြည်တော်၊ ဇွန် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၌ ဇွန်လ ၁၁ ရက်နေ့က လေးကောင်ဂျင်၊ ခြောက်ကောင်ဂျင်နှင့် အန်ဂလုံလောင်းကစား ပြုလုပ်သူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန်လ ၁၁ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ ဘုရားပျို ကျေးရွာ၊ ဆပ်သွားချောင်းကုန်း(ဒေသအခေါ်)၊ ခရိုင်ချင်းဆက်လမ်းမဘေးရှိ ဒေါ်ညို(၅၇)နှစ်ပိုင်ဆိုင် သည့် ရာဘာခြံဝင်းအတွင်း၌ လေးကောင်ဂျင်၊ ခြောက်ကောင်ဂျင်နှင့် အန်ဂလုံလောင်းကစားများ ပြုလုပ်နေကြောင်းသတင်းအရ တိုက်ကြီးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ ဥက္ကံနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါခြံဝင်းအတွင်း၌ ခြံပိုင်ရှင်ဖြစ်သူ ဒေါ်ညိုနှင့် သုံးဆယ်မြို့နေသူများ ဖြစ်သည့် ဟန်မင်းစိုး(၄၃)နှစ်၊ ရဲလွင်ထွန်း(၅၆)နှစ်၊ ဝင်းလှိုင်(၄၁)နှစ်၊ ဒေါ်စန်းသူဇာ(၅၇)နှစ်၊ မသန္တာအေး(၃၈)နှစ်၊ မသန္တာလွင်(၃၃)နှစ်၊ အောင်စိုးပိုင်(၃၆)နှစ်၊ ဝင်းမွန်(၃၂)နှစ်၊ သီဟ(၆၉)နှစ်၊ လက်ပံတန်းမြို့နယ်နေသူများဖြစ်သည့် ဘိုဘိုအောင်(၃၂)နှစ်၊ မသူဇာလင်း(၃၀)နှစ်၊ သာယာဝတီ မြို့နယ် နေသူများဖြစ်သည့် ဇော်ထူး(၄၄)နှစ်၊ နေလင်းအောင်(၄၅)နှစ်၊ မဝေဇင်အောင်(၃၇)နှစ်၊ မရီရီသန့်(၃၈)နှစ်၊ ဥက္ကံမြို့နေ ဇေယျာလင်း(၃၂)နှစ်တို့အား လေးကောင်ဂျင်၊ ခြောက်ကောင်ဂျင်နှင့် အန်ဂလုံလောင်းကစားခြင်းများ ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေ ၁၇၉၀၀၀၀ ကျပ်၊ ဆိုင်ကယ်မျိုးစုံ ၆ စီးတို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ခြံပိုင်ရှင် ဒေါ်ညိုနှင့် ဟန်မင်းစိုးပါ အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၆ ဦးတို့အား ဥက္ကံနယ်မြေရဲစခန်း (ပ)၃၅/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၆(က)/၁၇(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
(ရဲပြန်ကြား)
