အရေးပေါ်ဖုန်း: 199
မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ Myanmar Police Force

အမှတ် ( ၁ ) ရဲလေ့ကျင့်ရေးကျောင်း (ရမည်းသင်း)

၁။      လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

          (က)    မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် တစ်ဦးချင်းစီတွင် ရှိသင့်ရှိအပ်သော အခြေခံအရည်အချင်း များကို လေ့ကျင့်သင်ကြားပေးသည့်အပြင် တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည့် အချိန်မှစ၍ မိမိလုပ်ငန်းတာဝန်များကို ကျွမ်းကျင်တတ်မြောက်စေရန် အစဉ်မပြတ် ကြိုးစား လေ့ကျင့်လိုသော စိတ်ဓာတ်ကိန်းအောင်းသွားအောင် လေ့ကျင့်ပေးခြင်း။

          ( ခ )   မြန်မာနိုင်ငံရဲတပ်ဖွဲ့လုပ်ငန်း လူမှုရေးနှင့် အထွေထွေဗဟုသုတတို့အတွက် ဘက်စုံ တတ်ကျွမ်းနားလည်သော တွေးခေါ်မြော်မြင်တတ်မှုတွင် အမြင်ကျယ်၍ ဘက်ပေါင်းစုံမှ ကျွမ်းကျင်သည့် တပ်ဖွဲ့ဝင်တစ်ဦး ဖြစ်လာစေရေးအတွက် လေ့ကျင့်ပေးခြင်း။

          ( ဂ )   ကိုယ်ကျင့်တရားကောင်းမွန်၍ မိမိကိုယ်မိမိ ထိန်းသိမ်းနိုင်သော၊ တာဝန်သိစိတ်ရှိသော နိုင်ငံတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကိုယ်စားပြုနိုင်သည့် အရည်အချင်းပြည့်စုံသော၊ သစ္စာ၊ သမာဓိ၊ သတ္တိနှင့်ပြည့်စုံသော၊ မိမိတိုင်းပြည်နှင့် လူမျိုးအပေါ်တွင် ချစ်ခင်မှု အပြည့်အဝရှိသည့် တပ်ဖွဲ့ဝင်တစ်ဦးဖြစ်လာစေရန် ပြုစုပျိုးထောင်ပေးခြင်း။

          (ဃ)    ပြည်သူကိုကာကွယ်စောင့်ရှောက်ပြီး ပြည်သူကို အလုပ်အကျွေးပြုမည့် စိတ်ဓာတ်ရှိသော တပ်ဖွဲ့ဝင်တစ်ဦးဖြစ်လာအောင် လေ့ကျင့်သင်ကြားပေးခြင်း။

          ( င )   မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်များဖြစ်သော ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီး ကာကွယ်ရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေးတို့ကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်ပြီး အရေးကြုံပါက နိုင်ငံတော်၏ အရံအင်အားအဖြစ် ထမ်းဆောင် နိုင်သော တပ်ဖွဲ့ဝင်များဖြစ်လာစေရန်အတွက် လေ့ကျင့်ပျိုးထောင်ပေးခြင်း။

          ( စ )   စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ် ရှင်သန်ခိုင်မာအောင် တည်ဆောက်ရေးနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက် ရာတွင် မိမိကျရာ အခန်းကဏ္ဍမှ ထိရောက်စွာပါဝင်နိုင်သည့် အရည်အချင်းနှင့် ပြည့်စုံသော တပ်ဖွဲ့ဝင်တစ်ဦး ဖြစ်လာအောင် လေ့ကျင့်ပေးခြင်း။

          (ဆ)    ကိုယ်ခန္ဓာကို ကျန်းမာကြံ့ခိုင်သန်စွမ်းပြီး အများနှင့် စုပေါင်းဆောင်ရွက်တတ်သည့် စိတ်ဓာတ်ရှိသော တပ်ဖွဲ့ဝင်တစ်ဦးဖြစ်လာအောင် လေ့ကျင့်သင်ကြားပေးခြင်း။

၂။       လေ့ကျင့်ရေးဆိုင်ရာမူဝါဒများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

          (က)    တစ်ဦးချင်းတတ်ကျွမ်းရမည့် ဘာသာရပ်များ ကျွမ်းကျင်တတ်မြောက်စေရန်။

          ( ခ )   စိတ်ဓာတ်စည်းကမ်း၊ အကျင့်စာရိတ္တမြင့်မားသော တပ်ဖွဲ့ဝင်ကောင်းများ ဖြစ်လာစေရန်။

          ( ဂ )   စိတ်ပိုင်း၊ ရုပ်ပိုင်း ကြံ့ခိုင်သန်စွမ်းစေရန်။

          (ဃ)    တပ်ဖွဲ့စိတ်နှင့် တပ်တွင်းစည်းလုံးမှုရှိစေရန်။

          ( င )   တပ်ဖွဲ့၊ နိုင်ငံ၊ လူမျိုးအပေါ် သစ္စာစောင့်သိတတ်သော တပ်ဖွဲ့ဝင်များ ဖြစ်လာစေရန်။

          ( စ )   တပ်ဖွဲ့လုပ်ငန်း ကျွမ်းကျင်ပြီး အရည်အချင်းပြည့်ဝသည့် တပ်ဖွဲ့ဝင်များဖြစ်လာစေရန်။

          (ဆ)    ရဲတပ်ဖွဲ့အတွင်း လျော့နည်းနေသော အခြားအဆင့်အင်အားများ ပြန်လည်ဖြည့်ဆည်း ပေးနိုင်ရန်။

၃။      အောက်ပါသင်တန်းများ ဖွင့်လှစ် သင်ကြားလေ့ကျင့်ပေးလျက်ရှိပါသည်-

                   သင်တန်းအမျိုးအစား                                                 သင်တန်းကာလ       

          (က)    ရဲအကြပ်ငယ်(အမျိုးသမီး)သင်တန်း                               ၈ ပတ်

          ( ခ )   ရဲအကြပ်လောင်း(အမျိုးသမီး)သင်တန်း                           ၈ ပတ်

          ( ဂ )   ရဲတပ်ကြပ်ကြီး(အမျိုးသမီး)သင်တန်း                             ၈ ပတ်

          (ဃ)    အခြေခံရဲတပ်သားသစ်(အမျိုးသမီး)သင်တန်း                    ၂၄ ပတ်